အင်ဒိုနီးရှားနိုင်ငံ ရေနံချက်စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

မေ ၁၆

 

အင်ဒိုနီးရှားနိုင်ငံ ဘာလစ်ပါပန်မြို့၌ ယမန်နေ့က နိုင်ငံပိုင် ပီတီ ပါတာမင်နာ ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီတွင် လုပ်ငန်းလည်ပတ်နေသော ရေနံချက်စက်ရုံတစ်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံးပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားသည်။

 

အဆိုပါမတော်တဆမှုသည် ဒေသစံတော်ချိန်မနက် ၁၁ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုထိခိုက်ဒဏ်ရာရသေဆုံးသူများသည် ထိုကုမ္ပဏီ၏အလုပ်သမားများဖြစ်သည်ဟု မဲလ်ကီအန်နုစကော့တာပြည်နယ်ရှိ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံး အကြီးအကဲက ဆိုသည်။ 

 

ထိုဒဏ်ရာရရှိသူငါးဦးသည် ဆေးရုံတစ်ရုံ၌ ကုသမှုခံယူခဲ့ပြီး ၎င်းတို့အနက် သုံးဦးသည် ဒဏ်ရာအပြင်းအထန်ရှိခဲ့သည်ဟု သိရသည်။ 

 

မီးလောင်မှုဖြစ်ပွားပြီး တစ်နာခန့်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို