အင်ဒိုနီးရှားနိုင်ငံရှိ  ကျောက်မီးသွေးမိုင်း၌ မြေပြိုမှုများ ဖြစ်ပွား လူ ၁၁ ဦး သေဆုံး

၂၂ အောက်တိုဘာ

 

 

အင်ဒိုနီးရှားနိုင်ငံ အနောက်တောင်ပိုင်း ဆုမားတြားပြည်နယ်ရှိ ကျောက်မီးသွေးမိုင်း တစ်ခု၌ ယမန့်နေ့ မွန်းလွဲပိုင်းက မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ယနေ့တွင် ပြောကြားသည်။ 

 

 

အောက်တိုဘာလ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်က မော်ရာအီနင်ခရိုင်၊ တန်ဂျန်းလာလန်း ကျေးရွာရှိ လိုင်စင်မဲ့ ကျောက်မီးသွေးမိုင်း တစ်ခု၌ မြေပြိုမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ အရေးပေါ်ဌာန အကြီးအကဲ အိုင်ရီယန်ယတ်က ပြောကြားခဲ့သည်။

 

 

 

မိုင်းလုပ်သားများက ကျောက်မီး သွေးမိုင်းအတွင်း ရောက်ရှိနိုင်သည့် လမ်းတစ်ခုကို ဖွင့်လှစ်နေစဉ် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။           

 

 

မိုင်းလုပ်သား ၁၁ ဦးမှာ ရှစ်မီတာ အနက်မှာ မြေပြိုမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ ကျောက်မီးသွေး မိုင်းကို သမားရိုးကျ သတ္ထုတွင်း တစ်ခုအဖြစ် သတ်မှတ်ထားတာပါဟု အိုင်ရီယန်ယတ်က ပြောသည်။

 

 

မြေပြိုမှု ဖြစ်ပွားတဲ့ တောင်ကုန်းက မြေဆီလွှာတွေရဲ့ အခြေအနေက ခိုင်မာမှု မရှိလို့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားချိန်မှာ မိုးရွာခဲ့ခြင်း မရှိပါဘူး ဟု ၄င်းက ဆိုသည်။ 

 

 

အခင်းဖြစ်ရာ နေရာသို့ အကြီးစား စက်ကိရိယာများ စေလွှတ်ကာ အလောင်း အားလုံးကို ဆွဲထုတ်ခဲ့ ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်