အင်တာမီလန်က မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်ကို အမြဲတမ်းစာချုပ်နဲ့ခေါ်ယူရန် ဆန္ဒရှိနေ

mdn

၃၀ ဇူလိုင်

 

အီတလီစီးရီးအေကလပ်အင်တာမီလန်အသင်းဟာ မန်ယူအသင်းရဲ့ တိုက်စစ်မှူး အလက်ဇစ်ဆန်းချက်ဇ်ကို အမြဲတမ်းစာချုပ်တစ်ရပ်နဲ့ စာချုပ်ချုပ်ဆိုခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

 

အသက် ၃၁ နှစ်အရွယ်ရှိ ချီလီတိုက်စစ်မှူး အလက်ဇစ်ဆန်းချက်ဇ်ဟာ မန်ယူအသင်းကနေ အင်တာမီလန် အသင်းဆီ အစာချုပ်နဲ့ သွားရောက် ကစားနေတာဖြစ်ပြီး ဇူလိုင် ၂၅ ရက်က ဂျီနိုအာအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပါအဝင် အင်တာမီလန်အသင်းအတွက် သွင်းဂိုး သုံးဂိုး သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

တိုက်စစ်မှူးဆန်းချက်ဇ်ဟာ ကစားသမားဘဝတစ်လျှောက်မှာ ဘာစီ လိုနာအသင်း၊ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့မှာ ကစားခဲ့ရာမှာ ဘာစီလိုနာအသင်းနဲ့အတူ ၈၈ ပွဲမှာ ၃၉ ဂိုး၊ အာဆင်နယ်အသင်းနဲ့ အတူ ၁၂၂ ပွဲမှာ သွင်းဂိုး ၆၀ နဲ့ မန်ယူအသင်းနဲ့အတူ ၃၂ ပွဲမှာ သွင်းဂိုး သုံးဂိုး အသီးသီး သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

ငွေကြယ်