အင်းတော်၊ တောင်ကြီး နှင့် နောင်ချိုမြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

mdn

နေပြည်တော်   ၂၂   နိုဝင်ဘာ

 

မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီက  အင်းတော်မြို့နယ်၊ စင်းဟောက်ကျေးရွာအနီး၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းတွင် ရှီကျုံဝှမ်(ခ)အားကျုံး မောင်းနှင်ပြီး ဟန်ဝင်းအောင်(ခ)ဖန့်သီး လိုက်ပါလာသော TOYOTA HILUX မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၁၂၆၀ တန်ဖိုးရှိ ဘိန်းဆီခဲ ၇ ဒသမ ၅ ကီလို၊ အိုက်စ် ၂ ဒ ၇ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ(၄)၊ ပြည်တော်အေးလမ်းနှင့် စံပယ်လမ်းထောင့်တွင် ခွန်ထွန်းခိုင်(ခ)မောင်စေးမောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀ဝ၀ နှင့် မြန်မာငွေကျပ် ၁၀၂၀ဝ တို့ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့မွန်းလွဲပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ လွန်းကျော်ကျေးရွာအထွက်၊ ထင်းရှူးတောအနီး၊ နောင်ချို-ပြင်ဦးလွင်သွားကားလမ်းတွင် အောင်အောင်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်း တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

 

(ရဲပြန်ကြား)