အွန်လိုင်းတစ်ဦးချင်း အမျိုးသားဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲနှင့်အမျိုးသမီး Physical Fitness Dance ပြိုင်ပွဲကျင်းပမည်

ကန်ပက်လက်      ၂၀      စက်တင်ဘာ         

 

ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ချင်းပြည်နယ် ဘောလုံးအားကစား တိုးတက်စေရန်နှင့် Covid ကာလ ကျန်းမာကြံ့ခိုင်ပြီး လှုပ်ရှားမှုများပြုလုပ်နိုင်ရန် Online တစ်ဦးချင်း အမျိုးသားဘောလုံး ကျွမ်းကျင်မှုပြိုင်ပွဲနှင့် အမျိုးသမီးအမျိုးသမီး Physical Fitness Dance ပြိုင်ပွဲ ကို စက်တင်ဘာလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။

 

ဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲသို့ အမျိုးသား အသက်(၁၃)နှစ်မှ (၂၅)နှစ်အတွင်း မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အမျိုးသမီး Physical Fitness Dance ပြိုင်ပွဲတွင် အသက်အကန့် မရှိ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နေအိမ်၌ ဖုန်းဖြင့် Video File ရိုက်ကူး၍ ပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းနှင့် မြို့နယ်အဆင့်ရွေးချယ်ပြီးနောက် ချင်းပြည်နယ်အဆင့်ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရပါသည်။

 

ဘောလုံးကျွမ်းကျင်မှု ပြိုင်ပွဲတွင် ဘယ်/ညာခြေဖျား Juggling (ဘောလုံးတော့)ပြိုင်ပွဲ၊ ဘယ်/ညာခြေခွင် Juggling (ဘောလုံးတော့)ပြိုင်ပွဲ၊ ဘယ်/ညာပေါင် Juggling (ဘောလုံးတော့)ပြိုင်ပွဲနှင့် ခေါင်းပြိုင်ပွဲ Juggling (ဘောလုံးတော့) ပြိုင်ပွဲစသည်ဖြင့်(၄)မျိုးယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းနှင့် ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်းနှင့် တတိယဆု ကျပ်တစ်သိန်း ပြိုင်ပွဲ (၂)မျိုးအတွက် သီးခြားစီ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းသိရပါသည်။

 

ကိုလိန်း(ပြန်/ဆက်)