အပြည်ပြည်ဆိုင်ရာသမဝါယမ ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တောင်ကြီး ၄ ဇူလိုင်

 

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်သမဝါယမမိသားစု သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင် ၃ ရက်တွင် တောင်ကြီးမြို့နယ် ကွမ်းလုံကျေးရွာအုပ်စု ရေပူကျေးရွာရှိ ရှမ်းပြည်နယ် တောင်ပိုင်း/ အရှေ့ပိုင်း သမဝါယမ အသင်းစုချုပ်ပိုင် စိုက်ပျိုးရေးခြံတွင် ကျင်းပခဲ့ပြီး ခါတော်မီအပင် ၃၀၀၊ ကံ့ကော်ပင် ၅၀ စုစုပေါင်းအပင် ၃၅၀ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

သမဝါယမဦးစီးဌာန