အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ်စာတမ်းပါ ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ     

လွိုင်ကော် ၄ ဇူလိုင်

 

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ကျရောက်သည့် (၉၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာန အဆင့်ဆင့်နှင့် သမဝါယမအသင်းအဆင့်ဆင့်တို့မှ ထုတ်လုပ်သည့် ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေခြင်း သမဝါယမလှုပ်ရှားမှု တစ်ရပ်ကို ဇူလိုင် ၄ ရက်က လွိုင်ကော်မြို့အဝင်/အထွက် နေရာများ၊ ဒီးမော့ဆိုမြို့ မြို့မဈေး၊ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့အဝင် လွိုင်ကော်-မော်ချီးလမ်းနေရာများနှင့် ရှားတောမြို့အဝင် လွိုင်ကော်- ရှားတော- တာတမော့လမ်းတို့တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်စာတမ်းပါ ပါးစပ်နှာခေါင်းစည်း အခု ၁၅၀၀ ကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

သမဝါယမဦးစီးဌာန