အရှည် ၄၀ ပေရှိ နမ့်ပန်ချောင်းကူးတံတား ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

မိုင်းပန်  ၆  ဇူလိုင်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ် လွိုင်နွဲ့-နောင်ဝိုလမ်းပေါ်ရှိ တံတားအမှတ်(၁/၁)၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေအား ယနေ့ နံနက် ၁၁ နာရီက လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါတံတားသည် အရှည် ၄ဝ ပေ၊ အကျယ် ၁၄ ပေနှင့် အမြင့် ၁၂ ပေရှိ နမ့်ပန်ချောင်းကူးတံတား တစ်စင်းဖြစ်ကာ မြို့နယ် ကျေးလက်လမ်းဦးစီးဌာန၏ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ၁၅ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတား ဆောက်လုပ်ပြီးစီးသဖြင့် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ခင်းများသို့ နေ့စဉ်သွားရောက်ရာတွင် များစွာ အထောက်အကူပြုပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းဆောင်ရွက် ချက်များနှင့် ပတ်သက်၍ ဦးသန်းနိုင်လင်း (အငယ်တန်းအင်ဂျင်နီယာ-၂) မှ ရှင်းလင်းဖြေကြားခဲ့သည်။

 

မိုင်းပန်(ပြန်/ဆက်)