အသားအရေစိုပြည်လှပအောင် ဘာတွေစားရမလဲ

၁၆  ဇန်နဝါရီ

 

အလှကုန်ပစ္စည်းများ သုံးစွဲတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များ စားပေးခြင်းဟာ အသားအရေကို စိုပြည်လှပစေပါတယ်။ အောက်ဖော်ပါ အစားအစာများကို လေ့လာကြည့်ပါ။

 

ပရိုတိန်းနှင့် အဆီဓါတ်

အသားအရေ စိုပြည်လှပစေဖို့ ပရိုတိန်းနဲ့ အဆီဓါတ်ကို လိုအပ်ပါတယ်။ ငါး၊ ဥများ၊ ကြက်သား၊ အမဲသား စတာတွေစားသုံးရင် ပရိုတိန်းဓါတ်များစွာ ရရှိစေပါတယ်။ ဒါ့အပြင် အသားအရေစိုပြည်ဖို့ အဆီဓါတ်ကိုလည်း လိုအပ်ပါသေးတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါး စတာတွေအပြင် ပဲပိစပ်၊ သစ်ကြားသီးစေ့၊ မက်မွန်စေ့ စတာတွေမှာ အဆီဓါတ် ပါဝင်ပါတယ်။

 

ငါးများဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများအတွက် ရင်းမြစ်ကောင်းဖြစ်ရုံသာမက အရည်အသွေးမြင့် ပရိုတိန်းတွေလည်း ပါဝင်ပါတယ်။ အဲဒီပရိုတိန်းတွေဟာ ဆဲလ်တွေကို ပြုပြင်နိုင်ပြီး ဆဲလ်အကာမြှေးတွေကို ထိန်းသိမ်းပေးတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ် (EFA) တွေကို ထုတ်လုပ်ပေးပါတယ်။ EFA များဟာ ရေဓါတ်ကို ထိန်းသိမ်းထားနိုင်တာမို့ သူတို့တောင့်တင်းလေ အသားအရေဟာ ပိုမိုကြည်လင်တောက်ပလေ ဖြစ်ပါတယ်။

 

ငါးမှာ DMAE လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ဒြပ်ပေါင်း တစ်မျိုးလည်းပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းဟာ အာရုံကြောတွေနဲ့ ကြွက်သားများကျုံ့ခြင်း၊ အရေပြားတင်းအား စတာတွေကို လှုံ့ဆော်ပေးပါတယ်။

 

ဒါဟာ အသားအရည် စိုပြည်လှပစေပြီး မျက်နှာကို တင်းရင်းသန့်ရှင်းစေပါတယ်။ အသားအရေတောက်ပဖို့အတွက် ရေချိုငါးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ မက်ကရယ်ငါး၊ တူနာငါး စတာတွေကို တစ်ပတ်မှာ ၃ရက်လောက် စားပေးနိုင်ပါတယ်။ အသားအရေတင်းရင်းဖို့အတွက်တော့ သစ်ကြားသီးစေ့၊ နှမ်းကြတ်စေ့ဆီ၊ ပဲပိစပ်ဆီ၊ ဖရုံစေ့၊ နေကြာစေ့ စတာတွေ စားပေးနိုင်ပါတယ်။

 

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများဟာ အသားအရေပေါ်မှ အရေးအကြောင်းများကို ဖယ်ရှားပေးနိုင် တားဆီးပေးနိုင်ပါတယ်။ ဘလူးဘယ်ရီ၊ ရပ်စ်ဘယ်ရီ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ အာလူး စတဲ့ အပင်တွေမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်စီဟာလည်း အသားအရေအတွက် ဓါတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ ကီဝီသီး၊ စတော်ဘယ်ရီ စတာတွေမှာ တွေ့နိုင်ပါတယ်။

 

ဗီတာမင်

ဗီတာမင်များဟာ အသားအရေအတွက် မရှိမဖြစ် ဖြစ်ပါတယ်။ အထူးသဖြင့် ဗီတာမင်အေနဲ့အီး ဖြစ်ပါတယ်။ ဗီတာမင်အေဟာ အသားအရေကို ဖွံ့ဖြိုးစေပြီး အိုမင်းရင့်ရော်လာခြင်းကနေ ကာကွယ်ပေးပါတယ်။ အရေပြားရဲ့ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို နုပျိုစေပါတယ်။ အောက်ပါအတိုင်း ၂မျိုး တွေ့ရပါတယ်။

 

အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများရှိ ရက်တီနောနှင့် အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း စသည်တို့မှရရှိသော ဘီတာကရိုတင်း တရုတ်ဆီးသီး၊ မုန်လာဥ၊ ကန်စွန်းဥ၊ ဖရုံသီး စသည်တို့မှရရှိသော ဘီတာကရိုတင်းအခွံမာစေ့နဲ့ တခြားအစေ့အဆန်တွေမှာလည်း ဗီတာမင်အီး ကြွယ်ဝပါတယ်။

 

သတ္တုဓါတ်များ

အသားအရေစိုပြည်ဖို့အတွက် သတ္တုဓါတ်များရဲ့

 

အရေးပါပုံကို မေ့ထားလို့ မရပါဘူး။ ကောက်နှံများ၊ ပင်လယ်စာ၊ မှို စတာတွေဟာ သတ္တုဓါတ်တွေကို ထောက်ပံ့ပေးနိုင်ပြီး အကျိအချွဲများ ထွက်ခြင်းကို ထိန်းညှိပေးနိုင်ပါတယ်။ အရေပြားပြသနာများ လျော့နည်းစေနိုင်ပါတယ်။ ပုစွန်၊ ဂဏန်းစတဲ့ အခွံမာ ရေနေသတ္တဝါတွေမှာ တွေ့နိုင်ပါတယ်။

 

ဒါကြောင့် အသားအရေသိပ်မစိုလွန်း မခြောက်လွန်းအောင် ပုစွန်၊ ခရု၊ ဂုံး စတာတွေကို နေ့စဉ် စားပေးသင့်ပါတယ်။ ဇင့်ဓါတ်ဟာလည်း မှို၊ ချိစ် စတဲ့ အစားအစာတွေမှာ ရရှိနိုင်ပါတယ်။

 

အထက်ပါအချက်တွေကို လိုက်နာရင် အကြာကြီး စောင့်စရာတောင်မလိုဘဲ သင့်အသားအရေဟာ ပိုပြီး စိုပြည်လှပလာပါလိမ့်မယ်။

 

ရေးသားသူ Dr.Thant Zin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”