အသိအမှတ်ပြုစေချင်

၂၀  စက်တင်ဘာ

ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို နံပါတ်တစ်အားဖြင့် သေသေချာချာ လေ့လာပါ။ ဒါတွေဟာ သတင်းစာတွေထဲမှာလည်း ပါပါတယ်။ ရုပ်မြင်သံကြားကလည်း လွှင့်နေပါတယ်။ တစ်ချိန်လုံး ပြည်သူတွေ သိအောင်လို့ အသိပေးနေပါတယ်။ ဒီစည်းမျဉ်း စည်းကမ်းတွေကို သေသေချာချာ လေ့လာပါ။ လေ့လာပြီးတော့ တိတိကျကျလိုက်နာပါ။ ဒါဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအတွက်လည်း အထူးအရေးကြီးပါတယ်။ စောစောကပြောသလိုပဲ ဝန်ထမ်းတွေဟာ ရှေ့တန်းကနေ လုပ်ဆောင်နေတာကိုလည်း ကျေးဇူးတင်တယ်ဆိုတာ ပြောချင် ပါတယ်။ ကျွန်မတို့ ပြည်သူလူထုကလည်း ဝန်ထမ်းတွေ လုပ်ပေးတာကို အသိအမှတ်ပြုစေချင်ပါတယ်။ ဘာလို့လဲဆိုရင် အကောင်းလုပ်ရင် ကောင်းတာလုပ်တာကို အသိအမှတ်ပြုမှ ပိုပြီးတော့လည်း ကောင်းကောင်းလုပ်ချင်ပါတယ်။ ဒီအချိန်မှာဆိုရင် တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ အားဖြစ်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စောစောက ပြောတာက ကုက္ကုစ္စလည်းမပွားပါနဲ့၊ တရားခံလည်း မရှာပါနဲ့၊ ဘယ်သူ့ကြောင့် ဖြစ်တယ်ဆိုတာ စဉ်းစားစရာမဟုတ်ပါဘူး။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံအတွင်း COVID-19 ရောဂါပြန့်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)