အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ခြင်းများပေးအပ်

စေတုတ္တရာ ၄ ဇန်နဝါရီ        

မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စေတုတ္တရာမြို့နယ်တွင် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ စေတုတ္တရာမြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ် နှင့် အထက် ဘိုးဘွား၂၆ ဦးအား တစ်ဦးလျှင် (အောက်တိုဘာလ ၊ နိုဝင်ဘာလ ၊ ဒီဇင်ဘာလ) အထိ သုံးလစာ စုစုပေါင်း ၇၈၀၀၀၀ ကျပ်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)

mdn