အထက(၂) ခွမ်ခွီးပါန်း နှစ်(၅၀) ပြည့် ရွှေရတု အထိမ်းအမှတ် ဖူဆယ်ဖိတ်ခေါ်ဖလား ပြိုင်ပွဲ ကျင်းပ

မင်းတပ် ၂၂ နိုဝင်ဘာ         

 

ချင်းပြည်နယ် မင်းတပ်မြို့ အထက(၂) ခွမ်ခွီးပါန်း နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ဖူဆယ်ဖိတ်ခေါ်ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် အထက(၂) ဘောလုံးကွင်း၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် အားကစားသမားများက နိုင်ငံတော်အလံကို အလေးပြုကြပြီး အထက(၂) ကျောင်းအုပ်ဆရာမကြီးက မိန့်ခွန်းပြောကြားသည်။ ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွက်ဆိုကြပြီး အထက(၂) ကျောင်းသူလေးများက နှစ်(၅၀) ပြည့် ရွှေရတုတေးသီချင်းဖြင့် အေရိုးဗစ်အကဖြင့် သရုပ်ဖော်ကပြကြပြီး ဖွင့်ပွဲနေ့တွင် ထင်ချောင်းအသင်းနှင့် UFC အသင်းတို့ယှဉ်ပြိုင်ရာ ထင်ချောင်းအသင်းက UFC အသင်းကို ၁၃ ဂိုး ဖြင့်လည်းကောင်း၊ ခွမ်ခွီးပါန်းအသင်းနှင့် NYRDDC Mindat အသင်းတို့ယှဉ်ပြိုင်ရာ ခွမ်ခွီးပါန်းအသင်းက NYRDDC Mindat အသင်းကို ၃-၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိကြောင်း၊ အဆိုပါ အထက(၂) ခွမ်ခွီးပါန်း နှစ်(၅၀) ပြည့် ရွှေရတု အထိမ်းအမှတ် ဖူဆယ်ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင် မင်းတပ်မြို့နယ်အတွင်းရှိ အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

ခွီရှိန်း (ခရိုင်ပြန်/ဆက်)