အတက်အကျအနည်းငယ်ဖြင့် ဈေးငြိမ်နေခဲ့သည့် မတ်ပဲဈေးကွက်

ရန်ကုန် ၂၂ မတ်

 

ပြီးခဲ့တဲ့ အပတ်က ဈေးကျဆင်းသွားခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ အတက်အကျ အနည်းငယ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။

 

အိန္ဒိယဝယ်ယူမှုကြောင့် မဟုတ်ပဲ အခြားနိုင်ငံက ဝယ်ယူမှုကြောင့် ပြည်တွင်းဈေးမှာ လှုပ်ခတ်ခဲ့ပေမယ့် ဝယ်လိုအားနည်းသွားချိန်မှာ ဈေးက ပြန်လည်ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ ကြားဖြတ်ဝယ်ယူမှုကြောင့် ဈေးတက်ခဲ့တဲ့မတ်ပဲက လာမယ့် ရက်သတ္တပတ်အတွင်း ဈေးပြန်လည်တက်ဖို့အတွက် ခဲယဉ်းမယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

 

ငွေလိုတဲ့ တောင်သူတွေအနေနဲ့ လက်ရှိအတက်ဈေးနဲ့ ရောင်းဖို့တိုက်တွန်းထားပြီး ဈေးကိုဆက်လက်စောင့် ဖို့ကိုလည်း ကုန်သည်တွေက အကြံပြုထားပါတယ်။

 

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၆၇၇၀ဝ၀  အထိ ဈေးရရှိပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၂၃၀ဝ၀ ရှိပြီး တစ်တင်းကို ကျပ် ၁၀ဝ၀ ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန် စည်ဒိုင်နဲ့ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၀ဝ၀ နဲ့ ဈေးငြိမ်နေပါတယ်။

 

ဝတ်ရည်မွန်(AMIA)