အုတ်တံတိုင်းပြိုကျ၍ လူတစ်ဦးသေဆုံးမှု မြင်းခြံ၌ ဖြစ်ပွား

မြင်းခြံ  ၂၂   နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၁၉)ရပ်ကွက်၊ နယ်မြေ(၁၂)တွင်ရှိသော "ဆင်ဆင်" ဆေးရိုးစက်ခြံဝန်းအား ကာရံထားသော အရှေ့ဘက်ခြမ်းအုတ်တံတိုင်းပြိုကျပြီး၊ အုတ်တံတိုင်း အပြင်ဘက်တွင် နေထိုင်သူတစ်ဦး အုတ်တံတိုင်းပိမိ၍ သေဆုံးခဲ့ကြောင်း ယနေ့နံနက်အစောပိုင်း  ၀၀ နာရီ မိနစ် ၄၀ တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ "ဆင်ဆင်" ဆေးရိုးစက်ဝန်းကို ကာရံထားသော အုတ်တံတိုင်း၏ အရှေ့ဘက်ခြမ်းတွင် တဲအိမ်ဆောက်လုပ်နေထိုင်သော ဒေါ်ခင်ခင်လေးအပေါ်သို့ အုတ်တံတိုင်းပြိုကျပြီး ပိမိကာ ဒေါ်ခင်ခင်လေးမှာ ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအုတ်တံတိုင်းမှာ အမြင့်(၈)ပေ၊ အလျား(၄၀)ပေခန့်ရှိပြီး၊ အုတ်တံတိုင်းကာရံ ထားသည်မှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်ကြောင်းလည်း သိရသည်။ သေဆုံးမှုနှင့်ပတ်သက်ပြီး မြင်းခြံမြို့မ ရဲစခန်းမှ စစ်ဆေးနိုင်ရန်အတွက် သေမှုသေခင်းဖွင့် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

 

ဇော်မင်းနိုင် (မြင်းခြံ)