အဝေးသင်ပညာရေးအဆင့်မြှင့်တင်ရေး အပိုင်း(၂)

၁၂ ဒီဇင်ဘာ

တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအနက် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အဝေးသင် တက္ကသိုလ်တက်ရောက်ရန် လျှောက်ထားသူ ၁၄၀၀၀၀ ကျော်ရှိကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရှိရပါသည်။ အဝေးသင် တက္ကသိုလ်မှာ အလုပ်လုပ်ရင်းဖြင့် ပညာသင်ဘွဲ့ရနိုင်သော အခွင့်အလမ်းကို ရရှိနိုင်ပါ သည်။ ပိုမိုအကျိုးရှိစေရန် အဝေးသင်တက္ကသိုလ်မှ သင်ကြားပေးလိုက်သော ဘာသာရပ်များသည် အလုပ်အကိုင်အတွက် အထောက်အကူပြုနိုင်သည့် (ဥပမာ-စီမံ ခန့်ခွဲမှု (Management)၊ ခေါင်းဆောင်မှု (Leadership)၊ စီးပွားရေးဆိုင်ရာ အင်္ဂလိပ်စာ (Business English) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology) ဘာသာရပ်များထဲမှ ဘာသာရပ်တစ်ခုကို ထောက်အကူပြု မယူမနေရ ဘာသာရပ်များအဖြစ် အားဖြည့် သင်ကြားပေးပြီး သာမညဘာသာရပ် (Minor Subjects) ကိုလျှော့၍ သင်ကြားပေးမည်ဆိုလျှင် အလုပ်လုပ်နေသော လူငယ်များအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါသည်။ အဝေးသင် တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများမှာ ပုံမှန်သင်တန်းနှင့် မတူနိုင်ပါ။

 

e2

 

ဗြိတိန်နိုင်ငံ Open University ကလည်း ဆန်းသစ်တီထွင်ခြင်းဖြင့် အဝေးသင်ပညာရေး ပြုပြင်ပြောင်းလဲခြင်း  (Transformation by Innovation in Distance Education)TIDE Project စီမံကိန်းအရ အဆင့်မြင့် ပညာကဏ္ဍတွင်ရှိသော အဝေးသင်ပညာရေးစနစ် တိုးတက်ကောင်းမွန်လာစေရန် သင်ကြားရေးနှင့် အထောက်အကူပြု ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်လာစေရန်၊ အလုပ်အကိုင်ရရှိနိုင်မှုကို အထောက် အကူပြုနိုင်မည့် လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် (Online Learning) အင်တာနက်ဖြင့် လေ့လာသင်ယူစေမှုတို့ကို ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

အဝေးသင်ပညာရေး အရည်အသွေး နိမ့်ကျနေခြင်းမှာ တချို့သော ကျောင်းသား ကျောင်းသူများသည် စာစဉ်များကို တစ်ဦး နှင့်တစ်ဦး ကူးယူကြခြင်း၊ ကိုယ်စားရေးခိုင်းကြခြင်း၊ မိမိကိုယ်တိုင် သင်ယူခြင်းမဟုတ်ဘဲ စာမေးပွဲဖြေဆိုခါနီးမှသာတစ်ပွဲတိုး သွားရောက်ဖြေဆိုနေခြင်း စသဖြင့် လိမ်ညာနေခြင်း (Cheating) စသည်တို့ကို ကြားသိနေရ၍ အဝေးသင်တက္ကသိုလ်ပညာရေး အရည်သွေးတိုးတက်စေရန် ဝိုင်းဝန်းအကြံပြု လုပ်ဆောင်ရပါမည်။

ရန်ကုန်မြို့ Chatrium Hotel ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄-၅ ရက်နေ့တို့တွင် ကျင်းပ ပြုလုပ်သော UK-TIDE စီမံကိန်း၏ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ဗြိတိန်နိုင်ငံ Opening University မှ အတွေ့အကြုံများ၊ (Mauritius) congdom Opening University မှ ညွှန်ကြားရေးမှူးချုပ် Dr.Suleon က သူတို့နိုင်ငံ တက္ကသိုလ်၏ အတွေ့အကြုံများ နှင့် ထိုင်းနိုင်ငံ Sukhothai Thammathirat Open University (STO), 323008 အသက် ၈၅ နှစ်အရွယ် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌကြီး Dr.Wichit Srisean က ထိုင်းနိုင်ငံ အဝေးသင်တက္ကသိုလ် အတွေ့အကြုံများကို ရှင်းလင်းပြသဆွေးနွေးရာမြန်မာနိုင်ငံ အဝေးသင်ပညာရေးတိုးတက်ရန်အတွက် အလွန်ပင်အားရကျေနပ်မိပါသည်။ဗြိတိန်နိုင်ငံ အဝေးသင်တက္ကသိုလ် (Opening University)တွင် ကျင့်သုံးနေသည့် တက္ကသိုလ် ဖွဲ့စည်းပုံအခြေခံဥပဒေ (University Charter) အရ တက္ကသိုလ်ကောင်စီ (University Council) သည် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပြီး ထိုအဖွဲ့အစည်းက တက္ကသိုလ်ပညာရေးအဖွဲ့ (Senate, Academic Body) ကြီးကြပ်ကွပ်ကဲပါသည်။ ဤတက္ကသိုလ်အပါအဝင် ဗြိတိန်တက္ကသိုလ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသောတက္ကသိုလ်များ  (University Autonomy) ဖြစ်ပါသည်။ ဤတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူပေါင်း ၁၇၄၀၀၀( နှစ်သိန်းနီးပါး) ပညာသင်ကြားလျက်ရှိနေပြီး ဥရောပတွင် အကြီးဆုံးတက္ကသိုလ် ဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူ လေးယောက်တွင် သုံးယောက်မှာ အလုပ်လုပ်ရင်းဖြင့် ကျောင်းတက်ကြပါသည်။ နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှကျောင်းသားကျောင်းသူ နှစ်သန်းကျော် သင်ကြားမွေးထုတ်ပြီး ဖြစ်ပါသည်။

သင်ကြားပေးသော ဘာသာရပ်များမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုသည့် ဘာသာရပ်များ၊ မဟာဌာနများခွဲကာ (ဥပမာ-Business Management and IT၊ ပညာရေးနှင့်လူငယ် (Education & Youth)၊ အင်ဂျင်နီယာ၊ ဒီဇိုင်း နှင့် နည်းပညာ(Engineering, Design and Technology)၊ ကျန်းမာရေးနှင့် လူမှုရေး (Health and Social Care) ဘာသာစကား (Language and applied linguistics) ဥပဒေ (Law) စသည်တို့ကို သင်ကြားပေးပါသည်။

မောရစ်သျှနိုင်ငံ Opening University တွင် အလုပ်အကိုင်ရရှိရေးနှင့်ဆက်စပ်နေသော အောက်ဖော်ပြပါ ဘာသာရပ်များ (Employability Skill) ကိုလည်း သင်ကြားလျှက် ရှိနေပါသည်။

(၁) အာဟာရဆိုင်ရာပညာရေး (Education in Nutrition) 

(၂) အကျိုးရှိစွာ ဆက်သွယ်ဆောင်ရွက်ရေး အင်္ဂလိပ်စာ (English for Effective Communication) 

(၃) တွေ့ဆုံ ဆွေးနွေးခြင်းဆိုင်ရာ ကျွမ်းကျင်မှု (Interview Skills) 

(၄) အင်တာနက်နှင့် လူမှုဆက်သွယ်ရေး ပညာ (Internet and Social Media) 

(၅) အချိန်စီမံခန့်ခွဲမှုပညာ (Time Management) 

(၆) အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှု ပညာ (Quality Management) 

(၇) လူထုရှေ့တွင် ဟောပြောမှုအတတ် ပညာ (Public Speaking Essentials) 

(၈) ဟောပြောတင်ပြနိုင်မှုစွမ်းရည် (Presentation Skills) 

(၉) အလုပ်အကိုင်ရရှိမှုစွမ်းရည်များ (Job Search Skills) 

(၁၀) ခန္ဓာကိုယ်အမူအရာဖြင့် ဆက်သွယ်ခြင်း (Body Language)

ထိုင်းနိုင်ငံ၌ ၁၉၈၅ ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့သည့်(STOU Open University) အဝေးသင်တက္ကသိုလ်သည် ဘက်စုံသင်ကြားနည်းစနစ် (Integrated Teaching Approach)ဖြင့် အောက်ပါအတိုင်း သင်ကြားလျက်ရှိပါသည်။ 

(၁) ပုံနှိပ်လုပ်ငန်းအခြေပြု သင်ကြားနည်းစနစ်(Print-based Approach) ပြဌာန်းစာအုပ် (Test Books) လေ့ကျင့်ခန်းစာအုပ် (Work Books)၊ ရည်ညွှန်းစာအုပ်များနှင့် လမ်းညွှန်များ (References and Study Guides) 

(၂) ကွန်ပျူတာအခြေပြု သင်ကြားနည်းစနစ် (Computer-based Approach) အွန်လိုင်းစနစ် (Online LMS), အင်တာနက်မရရှိပါက CD-Rom များပေးအပ်ခြင်း၊ အင်တာနက်ဖြင့် ဆရာနှင့်တပည့် အမေး-အဖြေ ပြုလုပ်ခြင်း (Teacher-Student Interaction)

(၃) နောက်ဆက်တွဲသင်ကြားပေးမှုစနစ် ရေဒီယို၊တီဗွီမှ ထပ်မံထုတ်ခြင်း (Radio, TV Program) တက္ကသိုလ်ပိုင် Website မှလည်းကောင်း Gmbea STOU Channel, Online e-learning Resources a ပေါင်းစပ်စနှစ်(Blended Leaming)၊ Website, Video Link, Teleconferencing တို့ဖြင့်  (Face-to-face Interaction) ဆရာ၊ တပည့်တွေ့ဆုံခြင်းဖြင့် ဆရာ၊ ကျောင်းသား နည်းပေါင်းစုံ ဖြင့် ဆက်သွယ်ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ တက္ကသိုလ်လက်အောက်ခံ တစ်နိုင်ငံ လုံး နယ်မြေ (Campus) ၁၀ ခုခန့်ရှိပြီး ဆရာ၊ကျောင်းသား ကျောင်းသူမကြာခဏ တွေ့ဆုံမှု ရှိပါသည်။

နိဂုံးအနေဖြင့် အဝေးသင်တက္ကသိုလ် ပညာရေးအဓိကသော့ချက်မှာ

(၁) ဆရာ၊ ကျောင်းသား အချိုးမျှတအောင် ထားပေးနိုင်ခြင်း၊ 

(၂) သင့်လျော်သော ကျောင်းလခကောက်ခံပြီး တက္ကသိုလ် လိုအပ် ချက်များ ပြန်လည်ဖြည့် ဆည်းပေးခြင်း 

(၃) သင်ယူရမည့်ဘာသာရပ်များမှာ

ကျောင်းသား ကျောင်းသူများ အလုပ်လုပ်ကိုင်မှု၊ စီမံကွပ်ကဲ အုပ်ချုပ်နိုင်မှုကို တိုက်ရိုက်အကျိုး ပြုနိုင်သော ဘာသာရပ်များ ဦးစားပေးသင်ကြားရပါမည်။ သမားရိုးကျ ဘာသာရပ်များဆိုပါက ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားမှု မရှိတော့ဘဲ လိမ်ညာမှုများစွာဖြင့် ငွေကုန်၊ အချိန်ကုန်၊ လူ့စွမ်းအား အရင်းအမြစ်ဆုံးရှုံးခြင်း စသည်တို့ ဖြစ်သွားနိုင်ပါသည်။ ဤသို့ ဘက်ပေါင်းစုံမှ ပြုပြင်မွမ်းမံ အကြံပြုကြပါက ကျွန်တော်တို့မြန်မာနိုင်ငံ အဝေးသင်ပညာရေး တိုးတက်အောင်မြင် လာမည်မှာ မလွဲဧကန် ဖြစ်ပါသည်။ ။

ဒေါက်တာမျိုးကြွယ်(AUAA)