The Batman ရုပ်ရှင်နမူနာ ပွဲဦးထွက်ပြသ

၂၆  ဩဂုတ်

The Batman ရုပ်ရှင် ပွဲဦးထွက်နမူနာကို ဝင်းနားဘရားသားကုမ္ပဏီကနေ ဩဂုတ် ၂၂ ရက်ညပိုင်းမှာ စတင်ပြသခဲ့ပြီး Batman အဖြစ် သရုပ်ဆောင်တဲ့ ရောဘတ်ပတ်တင်ဆန်ဟာ Batman ဝတ်စုံနဲ့ လိုက်ဖက်ပြီး ခံ့ညားနေတာကို တွေ့မြင်ရပါတယ်။

ဇာတ်လမ်းနမူနာကို ကြည့်ပြီးတဲ့နောက် ပရိသတ်တွေဟာ ကောင်းမွန်တဲ့ မှတ်ချက်တွေပေးခဲ့ကြပြီး ဒီရုပ်ရှင်အသစ်ကို ကြိုက်နှစ်သက်တယ်လို့ ရေးသားခဲ့ကြပါတယ်။ နှစ်မိနစ်စာပြသခဲ့တဲ့ ဇတ်လမ်းနမူနာမှာတော့ ဂိုသမ်မြို့ကြီးဟာ ရာဇဝတ်မှုတွေနဲ့ ဖုံးလွှမ်းနေပြီး Batman နဲ့သူရဲ့ မိတ်ဆွေရဲအရာရှိ ဂျိမ်းဂေါ်ဒန်တို့ ရာဇဝတ်မှုတွေကြား ရုန်းကန်နေရပုံကို ပြသခဲ့ပါတယ်။ The Batman ရုပ်ရှင်ဟာ လူကြိုက်များတဲ့ ရုပ်ရှင်ဖြစ်ပြီး Batman စီးရီးတွေကနေ ဒေါ်လာ ၅ ဘီလီယံ အထိ အကျိုးအမြတ် ရရှိခဲ့တယ်လို့ သိရပါတယ်။

ရောဘတ်ပက်တင်ဆန်ကတော့ Batman အဖြစ် အခုမှ ပါဝင်သရုပ်ဆောင် သူဖြစ်ပြီး သူ့အရင် သရုပ်ဆောင်ခဲ့ကြသူတွေကတော့ မိုက်ကယ်ကီတန်၊ ခရစ်စတီးနားဘေးလ်နဲ့ ဘင်အက်ဖလက်တို့ပဲ ဖြစ်ကြပါတယ်။ The Batman ရုပ်ရှင် ကို မူလက ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်မှာပြသမယ်လို့ ရက်သတ်မှတ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် ထုတ်လုပ်ရေးအပိုင်းမှာ နှောင့်နှေးမှုတွေ ပေါ်ပေါက်ခဲ့ရပြီး ရက်ရွှေ့လိုက်ရပါတယ်။ အများက မျှော်လင့်နေကြတဲ့ The Batman ရုပ်ရှင်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ ရုံတင်ပြသနိုင်ဖို့ သတ်မှတ်ထားပါတယ်။

စကိုင်းနယူး