ဘာလင်မြို့ရှိ ကုန်လှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွား လူ သုံးဦး ဒဏ်ရာရ

၁၈ ဖေဖော်ဝါရီ

 

ဂျာမနီနိုင်ငံ ဘာလင်မြို့ Lichtenberg ခရိုင်ရှိ အဆောက်အအုံတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားကာ တစ်ဝက်တစ်ပျက် ပြိုကျခဲ့ပြီး လူ သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဘာလင်မြို့ မီးသတ်ဌာနက ယမန်နေ့ ညနေပိုင်းတွင် ကြေညာခဲ့သည်။

 

အဆိုပါ အဆောက်အုံမှာ တစ်ထပ် ကုန်လှောင်ရုံ ဖြစ်ကြောင်း ထိုမီးသတ်ဌာန ပြောကြားချက်အရ သိရသည်။

 

ယင်းပေါက်ကွဲမှု ဖြစ်ရသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို