ဘောလခဲမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်မည့် ကျေးရွာများရွေးချယ်

ဘောလခဲ  ၂၅  အောက်တိုဘာ

 

ဘောလခဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့်  ဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်ခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က အဖွင့်အမှာ စကားပြောကြား ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရွေးချယ်ရာတွင် သတ်မှတ် ထားသည့် စံနှုန်းများနှင့်အညီ ရွေးချယ်စေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဘောလခဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က စီမံကိန်းအကြောင်းနှင့် ရွေးချယ်ရမည့် စံနှုန်းများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ဖြင့် ဆောင်ရွက်မည့် ကျေးရွာ(၇)ရွာအား အတည်ပြု ရွေးချယ်ပြီးနောက် ဘောလခဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးစံမြက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

တင်ကိုလတ်(ကျေးလက်)