ဘောလုံးရာသီ ငါးရာသီဆက်တိုက် သွင်းဂိုး ၄၀ သွင်းယူနိုင်ခဲ့သည့် တတိယမြောက်ကစားသမား လီဝန်ဒေါစ်စကီး ဖြစ်လာ

၁၉  မေ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစ်စကီးဟာ ဂျူဗင်တပ‌ေအသင်းတိုက်စစ်မှူး စီရိုနယ်လ်ဒိုနဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ပြီးရင် ဘောလုံးရာသီငါးရာသီဆက်တိုက် သွင်းဂိုး ၄၀ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ တတိယမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။

ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စ်စကီးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယူနီယံဘာလင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ် ၂၆ မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ဘောလုံးရာသီငါးရာသီဆက်တိုက် သွင်းဂိုး ၄၀ အထိသွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး လီဝန်ဒေါစ်စကီးဟာ ၂၀၁၄ ခုနှစ်က ဒေါ့မွန်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်က ဘိုင်ယန်မြူးနစ်အသင်းကို ဂွါဒီယိုလာက နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဝန်ဒေါ့စ်စကီးက ဒေါ့မွန်အသင်းအတွက် လေးဂိုးအထိသွင်းယူပေးခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းက လီဝန်ဒေါစ်စကီးကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစ်စကီးဟာ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာချိန်ကစပြီး လက်ရှိအချိန်အထိ ၁၈၃ ပွဲ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၁၅၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ တိုက်စစ်မှူး လီဝန်ဒေါစ်စကီးအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်လီဂါဖလား ၅ ကြိမ်အထိ ရယူဆွတ်ခူး ပေးထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ငွေကြယ်