ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ်ရန်  မြို့တော်ဒါကာနှင့် ဆက်သွယ်သည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆိုင်းငံ့ထား

ဇွန် ၂၅

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုထိန်းချုပ်ရန် မြို့တော်ဒါကာနှင့် ဆက်စပ်သည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားသည်။

 

ဘင်္ဂလားဒေ့ရှ်မီးရထား(BR)က  မြို့တော် ဒါကာရှိ အစုန်အဆန်ရထားများအားလုံး  ဗုဒ္ဓဟူးနေ့ မနက် ၁၂ နာရီ ၁ မိနစ်မှစတင် ရပ်ဆိုင်းကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။

 

အဆိုပါ ရပ်ဆိုင်းထားမှုသည် ဇွန် ၃၀ အထိ ကြာမြင့်မည်ဖြစ်ကြောင်း BR  အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သော ဆာဒါရှာဟာဒက်အလီက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရေး အရေးပေါ် စီမံချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြို့တော်အဝင်အထွက် အဝေးပြေး ဘတ်စ်ကားများကိုလည်း ခေတ္တဆိုင်းငံ့ထားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာသပတေးနေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၀၅၈ ဦးရှိပြီး ရောဂါကူးစက်ခံရသူ ၈၇၂၉၃၅ ဦးအထိ ရှိလာသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၈၁ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၃၈၆၈ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 

 62520211251.PM (1).p