ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေခဲ့သော မြန်မာနိုင်ငံသားများအား စတုတ္ထအကြိမ်မြောက် အထူးလေယာဉ်ဖြင့် ထပ်မံပို့ဆောင်

(၂၇-၉-၂၀၂၀ ရက်၊ ဒါကာ)

COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှုများ ယာယီ ရပ်ဆိုင်းထားသည့် ကာလအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေခဲ့ရသော မြန်မာနိုင်ငံသားများကို စတုတ္ထအကြိမ်မြောက် အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဤသို့ ပြန်လည်ပို့ဆောင်ရာတွင် စစ်တကောင်း မြို့တွင် ပိတ်မိနေသည့် မြန်မာသင်္ဘောသား (၁၈) ဦး၊ ဒါကာမြို့တွင် ပိတ်မိနေသည့် မြန်မာ နိုင်ငံသား (၃) ဦးနှင့် မြန်မာနိုင်ငံရှိ ဆောင်ရွက်ဆဲ စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ထောက်ခံချက်ရရှိထားသည့် နိုင်ငံခြားသားများ အပါအဝင် စုစုပေါင်း (၂၄) ဦး တို့ လိုက်ပါသွားခဲ့ကြောင်း သိရပါသည်။ 

အထူးလေယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၇-၉-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ (၁၄:၀၀) အချိန်တွင် ထွက်ခွာသွားပြီး  မြန်မာသံရုံး၊ ဒါကာမြို့မှ သံရုံးဝန်ထမ်းများက လေဆိပ်၌ လိုအပ်သည်များ လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Crd - Ministry of Foreign Affairs Myanmar