ဘန်လေ ၏ အိမ်ကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့ပြီး  ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အားကောင်းလာသည့် မန်ယူ

mdn

၂၉ ဒီဇင်ဘာ

 

ပရီမီယာလိဂ် ပွဲစဉ် (၂၀)ပွဲစဉ်များကို စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘန်လေအသင်းနှင့် မန်ယူအသင်းတို့၏ ပွဲတွင် မန်ယူအသင်းက အဝေးကွင်းမှာ နှစ်ဂိုး ဂိုးမရှိဖြင့် နိုင်ပွဲရယူနိုင်ခဲ့သည်။

 

ပွဲချိန် ၄၄ မိနစ်တွင် မန်ယူအသင်း၏ ဦးဆောင်ဂိုးကို မာစီယဲလ်က သွင်းယူခဲ့ပြီး ပထမပိုင်းမှာ မန်ယူအသင်းဦးဆောင်ကစားနိုင်ခဲ့သည်။ ဒုတိယပိုင်းမှာလည်း မန်ယူအသင်း  အိမ်ရှင် ဘန်လေအသင်းကို ဆက်လက်ဖိအားပေးကစားနိုင်ခဲ့သလို ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုတွင် ရပ်ရှ်ဖို့ဒ်က ဒုတိယဂိုးထပ်မံသွင်းယူနိုင်ခဲ့သည်။

 

ပွဲအပြီးတွင် မန်ယူအသင်းက အိမ်ရှင် ဘန်လေအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား၏ အဆင့် (၅)နေရာကို တက်လှမ်းနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် အားကောင်းလာခဲ့သည်။

 

ပရီမီယာလိဂ် အခြားပွဲစဉ်ရလဒ်

 

နောဝစ်ချ် ၂ - ၂ စပါး

ဝက်စ်ဟမ်း ၁ - ၂ လက်စတာ

ဘန်လေ ဝ - ၂ မန်ယူ