ဘရာဇီးနိုင်ငံ ဆောပိုလိုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန်လည်ဖြစ်ပွားလာသဖြင့် ကန့်သတ်ပိတ်ဆို့မှု့ ထပ်မံချမှတ်

၁ ဒီဇင်ဘာ

 

ဘရာဇီးနိုင်ငံ ဆောပိုလိုပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအမြင့်မားဆုံး ဖြစ်ပွားနေသဖြင့် ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားလာမှုနှင့် ဆေးရုံတက်ကုသမှုနှုန်းများ ရပ်တန့်စေရန် တနင်္လာနေ့တွင် ရောဂါကူးစက်မှုဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုအစီအမံအချို့ကို ထပ်မံချမှတ်ခဲ့သည်။

 

ဆောပိုလိုပြည်နယ်အုပ်ချုပ်ရေးမှူး Joao Doria က ထိုလုပ်ဆောင်ချက်သည် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ၎င်း၏ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

 

ဈေးဆိုင်များ၊ ဘားများနှင့် စားသောက်ဆိုင်များတွင် လက်ခံနိုင်သော လူအရေအတွက်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းဖြင့် တစ်နေ့လျှင် ၁၀ နာရီ ဖွင့်လှစ်ရန် ဒိုရီအာက ညွှန်ကြားခဲ့သည်။

 

ဘရာဇီးနိုင်ငံသည် ကမ္ဘာနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့်  သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင် တတိယအများဆုံးနိုင်ငံဖြစ်သည်။

 

တနင်္ဂနွေနေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၆၃၃၅၈၇၈ ဦး ရှိပြီး ဆောပိုလိုပြည်နယ်တွင် ၁၂၄၁၆၅၃ ဦး ရှိကာ နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်မှုအများဆုံး ပြည်နယ်ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို