ဘရာဇီးတွင် ဩဂုတ်လလယ်နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးမှု ဒုတိယ အများဆုံးနေ့ဖြစ်

၂၁ ဇန်နဝါရီ

 

 

ဘရာဇီးနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၃၄၀ ရှိသဖြင့် ဩဂုတ်လ ၁၉ ရက်နောက်ပိုင်း သေဆုံးမှု ဒုတိယ အများဆုံးနေ့ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

 

ဇန်နဝါရီ ၇ ရက်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၁၅၂၄ ဦးသေဆုံးခဲ့သည့် သေဆုံးမှု အများဆုံး နေ့တစ်နေ့ ဖြစ်ခဲ့သည်။

 

 

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၁၂၈၃၁ ဦး ရှိပြီး ကမ္ဘာတစ်ဝန်းတွင် အမေရိကန် ပြည်ထောင်စုပြီးလျှင် သေဆုံးမှု ဒုတိယ အများဆုံး နိုင်ငံ ဖြစ်သည်။

 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၆၄၃၈၅ ဦးရှိပြီး ကူးစက်ခံရသူပေါင်း ၈၆၃၈၂၄၉ ဦးရှိသည်။

 

 

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုတွင် အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် တတိယ အများဆုံး နိုင်ငံ ဖြစ်သည်။

 

 

ဆောပိုလိုပြည်နယ်သည် နိုင်ငံအတွင်း လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး ကူးစက်ခံရသူ ၁၆၅၈၆၃၆ ဦးနှင့် သေဆုံးသူ ၅၀၆၅၂ ဦးရှိပြီး ရီယိုဒီဂျနေရိုး ပြည်နယ်တွင် ကူးစက်ခံရသူ ၄၉၀၈၂၁ ဦးနှင့် သေဆုံးသူ ၂၈၂၁၅ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို