ဘုတလင်မြို့နယ်တွင် အသက်(၁၂ )နှစ်အထက် ကျောင်းသား/ကျောင်းသူ (၄၇၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် စတင်ထိုးနှံပေး

ဘုတလင် အောက်တိုဘာ ၁၈ 

ဘုတလင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်၊ အသက်(၁၈)နှစ်အောက် ကျောင်းသား/ကျောင်းသူ (၄၇၄)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက် (၈)နာရီက ဘုတလင်မြို့နယ် OSS ရုံးတွင် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထို့ပြင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်  ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်လဝကဦးစီးမှူးနှင့် အခြားဌာနဆိုင်ရာများက ပူပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို  နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)