ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် ပေါ်လစ်ဗျူရိုကော်မတီအဖွဲ့ဝင် မစ္စတာငုယင်စွမ်းဖု၏ ကိုယ်ရေးအကျဉ်း

၁၇ ဒီဇင်ဘာ

မစ္စတာ ငုယင်စွမ်းဖုကို ၁၉၅၄ ခုနှစ်၊ ဇူလိုင်လ ၂၀ | ရက်နေ့တွင် မွေးဖွားခဲ့သည်။

မစ္စတာ ငုယင်စွမ်းဖု သည်၁၉၇၃ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ အမျိုးသား စီးပွားရေး တက္ကသိုလ် National Economic University (NEU) oge စီးပွားရေးဘာသာရပ်ကို လေ့လာ သင်ယူခဲ့ပြီး၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ စင်ကာပူအမျိုးသားတက္ကသိုလ်တွင် စီးပွား ရေးစီမံခန့်ခွဲမှုဆိုင်ရာပညာရပ်ကို ဆည်းပူးခဲ့သည်။ ၎င်းသည် ၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ကွမ်နမ်း -ဒါနန်း စီးပွားရေးစီမံခန့်ခွဲမှု ဘုတ်အဖွဲ့တွင် လည်းကောင်း၊ ၁၉၇၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ကွမ်နမ်း-ဒါနန်းပြည်နယ် ပြည်သူ့ကော်မတီ၊ ပါတီအတွင်းရေးမှူးရုံးတွင် ဒုတိယအကြီးအကဲမှ အကြီးအကဲအဆင့်အထိလည်းကောင်း ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်း

ဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၁၉၉၆ခုနှစ်အထိ ခရီး သွားလာရေးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ်နှင့် ကွမ်နမ်း - ဒါနန်းပြည်နယ် စီမံကိန်းနှင့်ရင်းနှီး မြှုပ်နှံမှုဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။

တာဝန်ထမ်းဆောင် မစ္စတာငုယင်စွမ်းဖုသည် ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ကွမ်နမ်း ပြည်နယ်ပြည်သူ့ကော်မတီ၏ဒုတိယဥက္ကဋ္ဌနှင့် အမြဲတမ်းဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ကွမ်နမ်းပြည်နယ် စက်မှုဇုန်စီမံခန့်ခွဲမှုဘုတ်အဖွဲ့ခေါင်းဆောင် နှင့် ကွမ်နမ်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အသင်း၏ဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကွမ်နမ်းပြည်နယ်ပါတီကော်မတီ၏ ဒုတိယအတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ကွမ်နမ်းပြည်နယ် ပြည်သူ့ကော်မတီ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ (၁၁) ကြိမ်မြောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် (၁၁) ကြိမ်မြောက် အမျိုးသားလွှတ်တော်၏ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၆ ခုနှစ် မတ်လမှ ၂၀၀၇ ခုနှစ် ဩဂုတ်လအထိ စုံစမ်းစစ်ဆေးရေး ဆိုင်ရာ ဒုတိယအကြီးအကဲချုပ်နှင့် (၁၀) ကြိမ်မြောက် ဗီယက်နမ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ထို့အပြင် အစိုးရအဖွဲ့ ရုံး၏ အမြဲတမ်းဒုတိယဥက္ကဋ္ဌအဖြစ်နှင့် (၁၁) ကြိမ်မြောက် အမျိုးသားလွှတ်တော်၏ စီးပွားရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်အဖြစ်လည်း ကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

တာဝန်ထမ်းဆောင်ခဲ့

၎င်းအနေဖြင့် ၂၀၀၇ ခုနှစ် ဩဂုတ်လမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလအထိ (၁၀) ကြိမ်မြောက် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဖွဲ့ဝင်အဖြစ်လည်း -ကောင်း၊ အစိုးရအဖွဲ့ရုံး၏ဝန်ကြီးအဖြစ်လည်းကောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာနည်းလမ်းများ ပြုပြင်ပြောင်းလဲမှု အတွက် သီးသန့်ဖွဲ့စည်းထားသည့် ဝန်ကြီးချုပ်၏အဖွဲ့ အား ဦးဆောင်သော အကြီးအကဲအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ (၁၁) ကြိမ်မြောက် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏အဖွဲ့ဝင်နှင့် အစိုးရအဖွဲ့ရုံး၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။

အသီးသီးထမ်းဆောင်ခဲ့

၂၀၁၁ခုနှစ် ဩဂုတ်လမှ ၂၀၁၆ ခုနှစ် မတ်လအထိ (၁၂) ကြိမ်မြောက် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟို

ကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဒုတိယဝန်ကြီး ချုပ်အဖြစ်လည်းကောင်း၊ အကျင့်ပျက်ခြစားမှုထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေးဗဟိုကော်မတီ၏ဒုတိယအကြီးအကဲအဖြစ် လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့ သည်။

ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရ

၎င်းအနေဖြင့် (၁၃) ကြိမ်မြောက် အမျိုးသား လွှတ်တော်၏ (၁၁) ကြိမ်မြောက် အစည်းအဝေးမှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။

မစ္စတာငုယင်စွမ်းဖုသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီး နှစ်ဦး ရှိသည်။

ကြေးမုံ