ဗီယက်နမ်နိုင်ငံက နိုင်ငံခြားသား ခရီးသည်တွေကို ပြန်လည်လက်ခံမယ်

၂၇ မေ

 

ဗီယက်နမ်နိုင်ငံဟာ လာမယ့် ဇူလိုင် ၁ ရက်နေ့က စပြီး နိုင်ငံပေါင်း ၈၀ က ခရီးသွားတွေကို အွန်လိုင်းဗီဇာ ပြန်ပေးတော့မယ်လို့ အင်္ဂါနေ့က တာဝန်ရှိသူတွေက ပြောကြားပါတယ်။ အွန်းလိုင်းကနေ ဗီဇာပြန်ပေးမယ်လို့ ပြောပေမယ့် လာရောက်သူတွေကို အသွားလာကန့်သတ်ထားရှိမှာလား ဆိုတာကို ထည့်သွင်း ပြောဆိုသွားခြင်း မရှိတာကို တွေ့ရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဗီယက်နမ်ဟာ နိုင်ငံခြားသားခရီးသွားတွေ နိုင်ငံအတွင်းဝင်ရောက်မှုကို မတ်လကတည်း တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့ပါတယ်။ နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးအတွက် လူအများအပြားကို အသွားအလာကန့်သတ်ထားရှိမှုနဲ့ ရောဂါပိုးကို ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကူးစက်ခံရသူတွေ သေဆုံးမှုမရှိတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိသူ ၃၂၆ ဦးရှိကြောင်း မေ ၂၇ ရက်နေ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

 

MDN
ကိုးကား - AFP