ဗြိတိန်နိုင်ငံက ဗိုင်းရပ်စ်ပိုးဒဏ် ခံခဲ့ရတဲ့ ဂျွန်လူးဝစ်စတိုးဆိုင်တွေ ပိတ်မယ်

လန်ဒန်  ၁၀ ဇူလိုင်

 

 

ဗြိတိန်နိုင်ငံက ဂျွန်လူးစ် (John Lewis) ဆိုင် ၈ ဆိုင်ပိတ်မယ်လို့ ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။ ဆိုင် ၈ ဆိုင်ပိတ်မှာ ဖြစ်တဲ့အတွက် လူပေါင်း ၁,၃၀၀ လောက် အလုပ်မှ ရပ်နားရမှာ ဖြစ်ပါတယ်။

 

 

ဂျွန်လူးစ် ကုမ္ပဏီမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မတိုင်ခင်ကတည်း ဆိုင်တွေရဲ့ ရပ်တည်ရေးမှာ အခက်အခဲ ရှိနေပြီ ဖြစ်ပါတယ်။ ဈေးဝယ် အများစုဟာ ကုန်ပစ္စည်းတွေကို အွန်လိုင်းကနေသာ ပြောင်းလဲဝယ်နေပါတယ်။ ဒီနှစ်ရော နောက်နှစ်မှာပါ အရောင်းအဝယ်က အွန်လိုင်းကနေသာ ရောင်းဝယ်မယ်လို့ မျှော်လင့်နေရပါတယ်။

 

 

ကပ်ရောဂါပိုး မတိုင်မီကလည်းက အွန်လိုင်းမှ တစ်ဆင့် ဈေးဝယ်ယူမှုမှာ ၄၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဒီနှစ်နဲ့ လာမယ့်နှစ်တွေမှာ အွန်လိုင်းမှ ဝယ်ယူမှုဟာ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

 

 

ဂျွန်လူးဝစ်မှ ပိတ်မယ့် ဆိုင် ၈ ဆိုင် အတွင်းမှာ အင်္ဂလန်ရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Birmingham မှ ဆိုင်တစ်ဆိုင် ပါဝင်ပြီး လန်ဒန် ဟီးသရိုးလေဆိပ်မှာ ဖွင့်လှစ်ထားတဲ့ ဆိုင်လည်း ပါရှိကြောင်း သိရပါတယ်။

 

 

ဂျွန်လူးစ်ရဲ့ မိတ်ဖက် ဆိုင်ဖြစ်တဲ့ ဝိတ်ထရို့စ် (Waitrose) ဆိုင်တွေရဲ့ ဉက္ကဌ ရှာရွန် ဝိုက် က ဆိုင်ပိတ်တယ်ဆိုတာ အင်မတန် ခက်ခဲကြောင်း၊ ဒါပေမယ့် ဆိုင်တွေရဲ့ ရပ်တည်ရေး လိုအပ်မှုအရ လုပ်ဆောင်ရတာလို့ နားလည်ကြောင်းနဲ့ ဝယ်သူတွေရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် ကြိုးစား လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။

 

 

ကပ်ရောဂါ ဖြစ်ပွားနေစဉ်မှာ ဂျွန်လူးဝှစ်ဝန်ထမ်း ၈၀ ရာခိုင်နှုန်းရဲ့ လစာတွေကို ဗြိတိန်အစိုးရ၏ အလုပ်မှ ယာယီရပ်ဆိုင်းတဲ့ သူတွေအား ထောက်ပံ့တဲ့ စီမံကိန်းကနေ ပေးခဲ့ကြောင်း ဘဏ္ဍာရေးက ပြောကြားခဲ့ပါတယ်။

 

 

ဗြိတိန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ထိန်းချုပ်ရန်အတွက် မတ်လ ၂၃ ရက်နေ့ကစပြီး ကန့်သတ်မှုတွေ စတင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကန့်သတ်မှုတွေကို နောက်ဆုံးအဆင့် အနေနဲ့ ပြန်လည် ဖြေလျော့နေပြီ ဖြစ်ပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ရောဂါပိုးကြောင့် သေဆုံးသူ ၄၅,၀၀၀ နီးပါးရှိပြီး ကမ္ဘာ့ထိပ်သီး G7 နိုင်ငံတွေထဲမှာ စီးပွားရေး အထိနာဆုံး နိုင်ငံဖြစ်ပါတယ်။

 

 

MDN

ကိုးကား- AFP

 

2429