ဗြိတိန်နိုင်ငံက စူပါမားကတ်တွေမှာ ပစ္စည်းတွေကို အကန့်အသတ်နဲ့ ရောင်းချ

၂၆ စက်တင်ဘာ

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတဲ့အတွက် နိုင်ငံတွင်းမှာ တားမြစ်အမိန့်အသစ်တွေ ချမှတ်လိုက်တဲ့ပြီးနောက် ဈေးဝယ်သူတွေမှ ပစ္စည်းအများအပြား ဝယ်လာရာ ဆိုင်တွေက ပစ္စည်းတွေကို အကန့်အသတ်နဲ့ ရောင်းချနေကြောင်း သိရပါတယ်။

 

ဗြိတိန်နိုင်ငံက စူပါမားကတ်ကြီး နှစ်ခုဖြစ်တဲ့ Tesco နဲ့ Morrisons တို့မှ ပစ္စည်းတချို့ကို အကန့်အသတ်နဲ့သာ ရောင်းချကြောင်း၊ Tesco စူပါမားကတ်ရဲ့ ပြောခွင့်ရသူက ဈေးဝယ်သူတစ်ဦးမှာ ပိုးသတ်ဆေးရည်၊ စက္ကူအစို၊ ဂျုံ၊ ပါစတာခြောက်၊ အိမ်သာသုံး စက္ကူလိပ်တွေကို သုံးခုသာ ရောင်းချကြောင်းနဲ့ အွန်လိုင်းမှ ဝယ်သူတွေကိုလည်း ဆန်နဲ့ ဆီသွပ်ဘူး ဟင်းသီဟင်းရွက်တွေကို အကန့်အသတ်နဲ့သာ ရောင်းချကြောင်း ပြောပါတယ်။

 

Tesco မှာ ပစ္စည်းတွေ အများအပြားရှိကြောင်း၊ ဈေးဝယ်သူတွေအနေနဲ့ ပုံမှန်လိုသာ ဝယ်ယူသင့်ကြောင်း ပြောခွင့်ရသူက ဆက်ပြောပါတယ်။

 

အလားတူ Morrisons စူပါမားကတ်ကလည်း ကြာသပတေးနေ့ကစပြီး အိမ်သာသုံးစက္ကူလိပ်လို ပစ္စည်းနဲ့ ပိုးသတ်ဆေးရည်ပစ္စည်းတွေကို အကန့်အသတ်နဲ့ ရောင်းချကြောင်း သိရပါတယ်။

 

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်က နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ များလာတဲ့အတွက် ဘားတွေကို စောစောပိတ်ရန်နဲ့ ပြည်သူတွေကို အိမ်ကနေ အလုပ်လုပ်ရန် အမိန့်ကို အင်္ဂါနေ့က ထုတ်ပြန်လိုက်ပါတယ်။

 

MDN

ကိုးကား - AFP