ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၆,၀၀၀ ကျော်ရှိကြောင်း ထုတ်ပြန်

၂၄ စက်တင်ဘာ

 

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၆,၁၇၈ ဦးရှိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းတွေ ထုတ်ပြန်ပြီး နောက်တစ်ရက်မှာ ပိုးတွေ့ရှိသူ ၆,၀၀၀ ကျော်နဲ့ သေဆုံး ၃၇ ဦး ရှိလာတာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ ပိုးတွေ့ရှိသူ ၄,၉၂၆ ဦးရှိကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၄၀၉,၇၂၉ ဦးနဲ့ သေဆုံးသူ ၄၁,၈၆၂ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

အောက်စဖို့ဒ် တက္ကသိုလ်မှာ ဇီဝပညာရှင် ဂျိမ်းစ် နိုင်စမစ်က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပြားလာတာကို တနည်းအားဖြင့် သတင်းကောင်းလို့ ပြောနိုင်ပါတယ်။ ဒါဟာ ပိုးစစ်ဆေးသူ များလာလို့ တွေ့ရှိသူ များလာတာလို့ ဆိုနိုင်ကြောင်း ပြောပါတယ်။ တစ်ချိန်တည်းမှာ သေဆုံးသူ အရေအတွက်ဟာလည်း များနိုင်ကြောင်း နိုင်စမစ်က သတိပေးလိုက်ပါတယ်။

 

 

ဘားတွေနဲ့ စားသောက်ဆိုင်တွေဟာ ဒေသစံတော်ချိန် ည ၉ နာရီမှာ ပိတ်ရမှာ ဖြစ်ပြီး  မလိုက်နာခဲ့ရင် ပထမအကြိမ်မှာ စတာလင်ပေါင် ၂၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

 

 

စကော့တလန်နဲ့ ဝေးလ်ရှိ ဆေးရုံတွေကို ဧည့်ပတ်ချိန်ကို စောစောပိတ်သွားမှာ သွားမယ်လို့ သိရပါတယ်။

 

 

လူစုဝေးခွင့်နဲ့ လက်ထပ်မင်္ဂလာပွဲတွေမှာ တက်ရောက်ခွင့်ရတဲ့ ကန့်သတ်လူဦးရေကို ဆက်လက်ကြေညာ သွားမယ်လို့ ဆိုပါတယ်။

 

 

MDN

ကိုးကား - AFP