ဗြိတိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးနေ့ဖြစ်လာ

၂၁ ဇန်နဝါရီ

 

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁,၈၂၀ ဦးရှိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာပါတယ်။ အင်္ဂါနေ့က ထုတ်ပြန်ချက်အရ သေဆုံးသူဟာ ၁,၆၁၀ ရှိတာကို တွေ့ရပါတယ်။

 

 

ကပ်ရောဂါပိုး ကူးစက်ခံနေသူတွေထဲမှ ၉၃,၂၉၀ ဦးဟာ ရောဂါပိုးကြောင့် သေဆုံးကြောင်းနဲ့ ပိုးတွေ့ရှိသူ စုစုပေါင်း ၃ ဒသမ ၅ သန်းကျော် ရှိလာတာကို တွေ့ရပါတယ်။ ဆေးရုံမှာ ကုသမှု ခံယူနေရသူ ၃၉,၀၆၈ ဦးရှိကြောင်း သိရပါတယ်။

 

 

သေဆုံးသူ အရေအတွက် များပေမယ့် ပိုးတွေ့ရှိသူ အရေအတွက်ဟာ ကျဆင်းတာကို တွေ့ရပါတယ်။ နိုင်ငံမှာ တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်မှုတွေ အခုလမှာ စတင်ခဲ့ပြီးနောက် ပိုးကူးစက်နှုန်း ကျဆင်းသွားကြောင်း သိရပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်ကထက် အခုသီတင်းပတ်မှာ ၂၂ ရာခိုင်နှုန်း ကျဆင်းသွားတာကို တွေ့ရပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ နိုဝင်ဘာလမှာ ကူးစက်မှုဟာ ၉ ရာခိုင်နှုန်းကနေ ဒီဇင်ဘာလမှာ ၁၂ ရာခိုင်နှုန်း တိုးသွားတာကို တွေ့ရပါတယ်။

 

 

အင်္ဂလန်နိုင်ငံ တစ်ခုတည်းတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေးနေတဲ့ နေရာ ၆၀ အထိ ရှိသွားပြီ ဖြစ်ပါတယ်။

 

 

ဗြိတိန်တစ်နိုင်ငံလုံးမှာ ကာကွယ်ဆေး ပထမအကြိမ် ရရှိပြီးသူ ၄ ဒသမ ၆ သန်း ရှိသွားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn