ဗြိတိန်နိုင်ငံရဲ့ ငွေကြေးဟာ နှစ်နှစ်ခွဲအတွင်း ပထမဆုံးအကြိမ် အနိမ့်ဆုံးအထိ တန်ဖိုးကျဆင်း

၃ သြဂုတ်

ဗြိတိန်နိုင်ငံရဲ့ ငွေကြေး စတာလင်ပေါင်တန်ဖိုးဟာ နှစ်နှစ်ခွဲအတွင်းမှာ အနိမ့်ဆုံးအထိ ကျဆင်းခဲ့ပါတယ်။ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဘရစ်ဇစ် ပြီးဆုံးအောင်လုပ်ဆောင်နိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ပြီးနောက် အခုလို စတာလင်ပေါင် တန်ဖိုးကျဆင်း လာတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အာရှစတော့ဈေးကွက်မှာလည်း အမေရိကန်-တရုတ် ကုန်သွယ်ရေး ဆွေးနွေးပွဲကို စိုးရိမ်နေပါတယ်။ 

အောက်တိုဘာ ၁၄ ရက်နေ့မှာ သူ့ပါတီဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့လွှတ်တော်အမတ်တွေက ဘရစ်ဇစ်ကို နှောင့်နှေးအောင် ကန့်ကွက်မဲပေးခဲ့မယ်ဆိုရင် ဂျွန်ဆင်က အထွေထွေရွေးကောက်ပွဲလုပ်ဖို့ ပြောမယ်လို့ သတိပေးလိုက်ပါတယ်။ ဝန်ကြီးချုပ်အိမ်ရှေ့က သတင်းစာရှင်းပွဲမှာ ဗြိတိန်ဟာ ဥရောပသမဂ္ဂကနေ အောက်တိုဘာ ၃၁ နေ့မှာ ဘယ်လို အကြောင်းပြချက်မှ မရှိဘဲ ထွက်မယ်လို့ ပြောဆိုလိုက်ပါတယ်။ 

အင်္ဂါနေ့ ငွေကြေး ဈေးကွက်မှာ စတာလင်ပေါင် ၁ ပေါင်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀ အထိ ကျဆင်းသွားပါတယ်။ ၂၀၁၇ ခုနှစ်ကနေစပြီး နှစ်နှစ်ကျော်အတွင်းမှာ ပထမဦးဆုံးအကြိမ် တန်ဖိုးကျဆင်းခဲ့တာ ဖြစ်ပါတယ်။  

စတာလင်ပေါင်ဈေး ကျနေချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံနဲ့ ထိပ်တန်းအရာရှိတွေ ပါဝင်တဲ့ ကုန်သွယ်ရေးဆွေးနွေပွဲ မကြာခင်မှာ လုပ်ဆောင်သွားမယ်လို့ ပြောဆိုပါတယ်။ 

MDN
ကိုးကား - AFP