ဗြိတိန်ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဖိအားများနှင့် ရင်ဆိုင်နေရ

လန်ဒန် ဇန်နဝါရီ ၂၁

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ကိုဗစ်-၁၉ရောဂါဆိုင်ရာစည်းမျဉ်းများအား ချိုးဖောက်မှုဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် ဗြိတိန်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီ ဘရက်ဆစ်ရေးရာဝန်ကြီးဟောင်း ဒေးဗစ်ဒါးဗက်က ယနေ့တောင်းဆိုလိုက် ဝန်ကြီးချုပ်ဂျွန်ဆင်သည် ၎င်းတာဝန်ခံရမည့် ကိစ္စအား ရှောင်လွှဲခဲ့၍ ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုကြောင်း ဒေးဗစ်ဒါးဗက်က ပါလီမန်၌ ယနေ့ပြောကြားခဲ့သည်။ သို့ရာတွင် မိမိသည် အဆိုပါ စည်းမျဉ်းချိုးဖောက်မှုနှင့် ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေးမှုပြီးဆုံးပြီး နောက်ဆုံးအဖြေထွက်လာမည့် အချိန်တိုင်အောင် စောင့်ဆိုင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျွန်ဆင်က ပြောကြားခဲ့သည်။

ယခုဂျွန်ဆင်အား ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုမှုများမှာ ယမန်နှစ်က ဗြိတိန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာ၍ ကျန်းမာရေးစည်းမျဉ်းများ ချမှတ်ထားချိန်တွင် ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ဂျွန်ဆင်၏ နေအိမ်၌ ပါတီအခမ်းအနားအား လူစုလူဝေးဖြင့် ကျင်းပခဲ့မှုကြောင့်ဖြစ်သည်။ ဝန်ကြီးချုပ်ဂျွန်ဆင်က အဆိုပါ ပါတီပွဲအား တက်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး တောင်းပန်စကားပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ဝန်ကြီးချုပ်ဂျွန်ဆင်အား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုကို အတိုက်အခံများက အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ