ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား အထူးပြပွဲ ခင်းကျင်းပြသရန်အတွက် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ခေတ္တပိတ်ထားမည်

နေပြည်တော် ဇွန် ၂၇

 

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား ဇွန် ၂၅ ရက်မှ ဇူလိုင် ၁၈ ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်းနှင့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်(နတ်မောက်) တို့အား ယခင်နှစ်များအတိုင်း အခမဲ့ ဝင်ရောက်လေ့လာခွင့် ပြုမည်ဖြစ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန