ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းသစ် ပြဋ္ဌာန်းတဲ့အတွက် လန်ဒန်မြို့မှာ ဆန္ဒပြပွဲ ကျင်းပရာ လူ ၁၀ ဦးဖမ်းဆီးခံရ

၂၇ စက်တင်ဘာ

 

 

ဗြိတိန်နိုင်ငံမှာ အစိုးရက ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားလာတဲ့အတွက် တားမြစ်ချက်အသစ်တွေ ပြဋ္ဌာန်းလိုက်ရာ လန်ဒန်မြို့မှာ ထောင်ချီတဲ့ လူတွေက အဲဒီစည်းမျဉ်းတွေကို စနေနေ့က ဆန့်ကျင့်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူ ၁၀,၀၀၀ ကျော်ထဲက ၁၀ ဦးကို ဖမ်းဆီးကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။

 

 

ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ခိုက်ရန်ဖြစ်ပွားတဲ့အတွက် ရဲသား လေးဦး ဒဏ်ရာရရှိရာ နှစ်ဦးဟာ ဆေးရုံမှာ ဆေးကုသ ခံယူနေရကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အလားတူ ဆန္ဒပြဖြစ်ပွားရာ ရဲတပ်သား ၁၀ ဦးကျော် ဒဏ်ရာရှှိခဲ့ပါတယ်။

 

 

ဆန္ဒပြပွဲမှာ တချို့လူတွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကိုပါ ဆန့်ကျင်ကြောင်း ပိုစတာတွေ ကိုင်ဆောင်တာကို တွေ့ရပါတယ်။

 

 

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဗိုင်းရပ်စ်ပိုး ကူးစက်မှု ရပ်တန့်သွားအောင် လူ ၆ ဦးထက် ပိုစုဝေးမှု မရှိစေရေးနဲ့ စားသောက်ဆိုင်တွေနဲ့ ဘားတွေကို ၁၀ နာရီမှာ ပိတ်ရေးတွေ ပါရှိပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၄၂,၀၀၀ ရှိတဲ့အတွက် ဉရောပမှာ သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP