ဗန်းမော်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပ

ဗန်းမော်  ၁၆  ဇန်နဝါရီ

 

ကချင်ပြည်နယ် ဗန်းမော်တက္ကသိုလ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ် ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ ဗန်းမော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ကျော်သင်တို့က အမှာစကားပြောကြားကာ ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားအဓိဋ္ဌာန်အား ရွတ်ဆိုခဲ့ကြသည်။

 

5

 

ဖွင့်ပွဲအခမ်းအနားတွင် ဆရာများအသင်းနှင့် စီမံဝန်ထမ်းအသင်းတို့မှ ချစ်ကြည်ရေးကစားခဲ့ကြပြီး ၂၀၁၉-၂၀ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဘောလုံးပြိုင်ပွဲကို အမျိုးသားအသင်း(၉)သင်း အမျိုးသမီးအသင်း(၉)သင်းတို့မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတိုးလွင်၊ ဗန်းမော်တက္ကသိုလ်မှ တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

ဝင်းနိုင်(ကချင်မြေ)