စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အေရိုးဗစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်း ဇန်ဝါရီ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၈ ရက်က မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသော ၂၀၂၂ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) (၁)ဦးချင်း၊ (၃)ယောက်တွဲနှင့် (၅)ယောက်တွဲ ပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစားသမားများက သရုပ်ပြသမှုအား ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရအားကစားသမားများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)