စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် သစ်တန်ချိန် ၉၀ဝ၀ ကျော် ဖမ်းဆီးရမိ

ပင်လည်ဘူး   ၂၁  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၊ ကနီမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ကောလင်းမြို့နယ်၊ ကသာမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ တမူးမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ဝန်းသိုမြို့နယ် စသည့်မြို့နယ်များတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ သစ်တန်ချိန် ၉၀ဝ၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနရုံး၏ စာရင်းမှတ်တမ်းများအရ  သိရသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းခရိုင်တွင် တရားမဝင် ကျွန်း သစ်မာ အခြားသစ်တန်ချိန်ပေါင်း ၉၈ ဒသမ ၄၃၁၈တန်၊ ရွှေဘိုခရိုင်တွင် တရားမဝင် ကျွန်း သစ်မာ အခြားသစ်တန်ချိန်ပေါင်း ၇၈၂ ဒသမ ၁၇၁၅တန်၊ မုံရွာခရိုင်တွင် တရားမဝင် ကျွန်း သစ်မာ အခြားသစ်တန်ချိန်ပေါင်း ၂၃၈၃ ဒသမ ဝ၁၆၇ တန်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ကသာခရိုင်တွင် တရားမဝင် ကျွန်း သစ်မာ အခြားသစ်တန်ချိန်ပေါင်း ၂၈၂၅ ဒသမ ဝ၁၅၉ တန်၊ ကလေးခရိုင်တွင် တရားမဝင် ကျွန်း သစ်မာ အခြားသစ်တန်ချိန်ပေါင်း ၁၉၈၁ ဒသမ ၅၉၃၇ တန်၊ မော်လိုက်ခရိုင်တွင် တရားမဝင် ကျွန်း သစ်မာ အခြားသစ်တန်ချိန်ပေါင်း ၉၄၀ ဒသမ ၅၄၈၂ တန်၊ ခန္တီးခရိုင်တွင် တရားမဝင် ကျွန်း သစ်မာ အခြားသစ်တန်ချိန်ပေါင်း ၂၀၁ ဒသမ ၂၃၈၉ တန်၊ တမူးခရိုင်တွင် တရားမဝင် ကျွန်း သစ်မာ အခြားသစ်တန်ချိန်ပေါင်း ၅၇၉ ဒသမ ရ၅၄၄ တန် စုစုပေါင်း တရားမဝင် ကျွန်း သစ်မာ အခြားသစ်တန်ချိန်ပေါင်း ၉၇၉၁ ဒသမ ၇၇၁၁ တန်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဧပြီလမှမတ်လကုန်အထိ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ ကသာခရိုင်၊ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ တမူးခရိုင်တို့တွင် တရားမဝင် ကျွန်း သစ်မာ အခြားသစ်တန်ချိန်ပေါင်း ၉၆၂၂ ဒသမ ၅၂၂၁ တန်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း  သိရသည်။

 

အလားတူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တရားခံ ၇၇၄ ဦး၊ ကား ၃၄၁ စီး၊ လယ်ထွန်စက် ၃၂ စီး၊ ထော်လာဂျီ ၃၅ စီး၊ ဆိုင်ကယ် ၂၀၆ စီး၊ သုံးဘီးဆိုင်ကယ် ၄၀ စီး၊ စက်လှေ မော်တော် ၁၁၅ စီး၊ ဆိုက်တွဲ ၂၉ စီး၊ တူမီးသေနတ် ၇ လက်၊ နောက်တွဲယာဉ် ၆ စီး၊ သစ်စက် ၂၂၈ စက်၊ ချိန်းဆော ၁၂၃ တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဧပြီလမှမတ်လကုန်အထိ ပြစ်မှုကျူးလွန်သူ ၉၉၄ ဦး၊ ကား ၅၂၂ စီး၊ လယ်ထွန်စက် အစီး ၂၀၊ ထော်လာဂျီ ၂၄ စီး၊ ကန့်လန့်ဂျီ ၂ စီး၊ ဆိုင်ကယ် ၁၄၃ စီး၊ သုံးဘီးဆိုင်ကယ်အစီး ၃၀၊ စက်လှေ မော်တော် ၈၆ စီး၊ ဘတ်ဟိုး တစ်စီး၊ ဆိုက်တွဲ ၃၉ စီး၊ ဆင် ၄ ကောင်၊ တူမီးသေနတ် ၁၀ လက်၊ နောက်တွဲယာဉ် ၄ စီး၊ သစ်စက် ၂၀၃ စက်၊ ချိန်းဆော ၁၀၂ တို့အား ဖမ်းဆီးရမိခဲ့ကြောင်း  သိရသည်။

 

လူအောင်(ကသာ)

 

 FB_IMG