စစ်တွေခရိုင်ရုံးနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ပူးပေါင်းပြီး ရေးသူ၊ ဖတ်သူ တွေ့ဆုံဆွေးနွေး

စစ်တွေ ၆  ဇန်နဝါရီ      

    

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းပြီး ရေးသူ၊ ဖတ်သူ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နေ့လယ် ၁ နာရီက စစ်တွေခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ စာရေးဆရာမ ပုညခင်က အဖွင့်အမှာစကားပြောကြားရာတွင် စာပေဖတ်ရှုလေ့လာမှု အားကောင်းလာပြီး စာပေဖတ်ရှုလိုသည့်စိတ်များ ဖြစ်ပေါ်လာစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် မိမိဘ၀ တိုးတက်အောင်မြင်ရန် စာပေထဲမှ ဗဟုသုတများရှာဖွေရန် လိုအပ်ပါကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ခွဲခြား တတ်လာစေရန်နှင့် အတွေးအခေါ်များ ရင့်သန်ခြင်း တို့ဖြစ်ပေါ်လာမည် ပြောကြားသည်။

 

ထို့နောက် စာရေးဆရာမ ပုညခင်နှင့် ရခိုင်ပြည်နယ်မှ စာရေးဆရာတို့၏ စာပေရေးရာဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသူများက ဝင်ရောက်ဆွေးနွေးကြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ စာပေချစ်မြတ်နိုးသူများ၊ ရွှီပြည်ရခိုင်ပုံရိပ်စာတည်းအဖွဲ့၊ ရခိုင်ပြည်နယ် စာကြည့်တိုက် ဖောင်ဒေးရှင်းမှဥက္ကဋ္ဌ၊ စာဖတ်ပရိတ်သတ်များ နှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။ 

 

ဝင်းမင်းစိုး(ပြန်/ဆက်)

 

DSC09036.