စစ်တွေမြို့နယ်အတွင်းရှိ အသက်(၅၅) နှစ်နှင့်အထက်ပြည်သူများ၊ မသန်းစွမ်းသူများနှင့် ဦးတည်အုပ်စု တွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

စစ်တွေ  စက်တင်ဘာ ၁၇

 

စစ်တွေမြို့နယ်အတွင်းရှိ ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်မယ်သီလရှင်များ၊ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် မသန်စွမ်းသူများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင် များ၊ စေတနာ့ဝန်ထမ်း(Volunteers)များနှင့် ဦးတည်အုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြခြင်းဖြစ်ကာ ဆေးထိုးနှံပြီးနောက်တွင်လည်း မိနစ် ၃၀ အကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွင့်ပြုကြောင်း သိရသည်။

 

စစ်တွေမြို့တွင် ကာကွယ်ဆေးထိုးနှံခြင်းကို စစ်တွေမြို့အမှတ်(၂) အခြေခံပညာအထက်ကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ဦးဥတ္တမခန်းမ၊ စစ်တွေတက္ကသိုလ်(အားကစားရုံ)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ခိုင်သဇင်ပန်းခြံခန်းမတို့တွင် ထိုးနှံပေးလျက်ရှိသည်။

 

ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော သက်ကြီးရွယ်အိုများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးက လိုအပ်သော ကိစ္စများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထို့အပြင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဌာနဝန်ထမ်းများက မိမိတို့တာဝန်ကျရာစုရပ်များ သို့သွားရောက်၍ လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးကြကာ ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြသည့်ပြည်သူများ အဆင်ပြေစေရန်အတွက် လိုအပ်သည့်ကိစ္စရပ်များကိုကျန်းမာရေးဝန်ထမ်း များနှင့်အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)