CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် ဆောင်ရွက်သော (CS-RS)ဆင်းသုခ မျိုးစေ့ထုတ် စိုက်ခင်းများ စတင်ရိတ်သိမ်း ခြင်းများဆောင်ရွက်

ဟင်္သာတ  ၂၂  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် ရှားခဲစခန်းနယ်‌မြေရှိ တောင်ကလုံကျေးရွာ အုပ်စု၊ လက်ပန်ကုန်းကျေးရွာတွင် စိုက်ပျိုး သည့်(CS-RS)ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းများကို ယမန်နေ့က ရိတ်သိမ်း‌ ‌ခြွေလှေ့ စက်များဖြင့် စတင်ရိတ်သိမ်းကြောင်း သိရသည်။

 

ထိုသို့ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စတင်ရိတ်သိမ်းရာတွင်  စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ကွင်း တာဝန်ခံများက စပါး‌နေလှမ်း အခြောက်ခံခြင်း၊ အစိုဓာတ် ပါဝင်မှုတိုင်းတာခြင်း၊ ဆန်နီ ပါဝင်မှု တိုင်းတာခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ (CS-RS)ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းများ ရိတ်သိမ်းခဲ့ရာတွင် တစ်ဧက ပျမ်းမျှအစို အထွက် (၁၀၆)တင်းနှင့် အခြောက်အထွက် (၈၉)တင်းခန့် ထွက်ရှိကြောင်း ဟင်္သာတမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)