စေတုတ္တရာမြို့နယ်၌ စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ်(၈၇) အခြေခံသံဂဟေဆက်သင်တန်းဖွင့်

စေတုတ္တရာ  ၁၃  ဇန်နဝါရီ

 

စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ်(၈၇) အခြေခံသံဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်  ပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ဆွေမှ အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်မှ သင်တန်းဖွင့်လှစ်ခြင်းကြောင့် ကျေးရွာပြည်သူများ စက်မှုနှင့်ပတ်သက်၍ အသက်မွေးပညာတစ်ခု တတ်မြောက်ကာ မိမိတို့ အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူပြုနိုင်ကြောင်း၊ သင်တန်းသားများကို စိတ်ပါဝင်စားစွာ သင်ကြားရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) ကျောင်းအုပ်ကြီး ဦးသန့်ဇင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်း၏ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

 

mdn

 

အဆိုပါ အခြေခံ သံဂဟေဆက်နည်း သင်တန်းကို စက်မှုဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၂ ဦး တက်ရောက် သင်ကြားမည်ဖြစ်ကာ သင်တန်းကာလမှာ သင်တန်းကာလမှာ ဇန်နဝါရီ ၁၃ ရက်မှ ၂၅ ရက်ထိ (၁၈)ရက်ကြာ  သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)