စေတုတ္တရာမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှံးခဲ့သော တောင်သူများအား ထောက်ပံ့ငွေပေးအပ်

စေတုတ္တရာ  ၃၀  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ 

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြစံက သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီး ဧကများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

စေတုတ္တရာမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ သဘာဝဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာအုပ်စု (၈)အုပ်စုမှ တောင်သူ(၁၆၄)ဦး၏ သီးနှံပျက်စီးဆုံးရှုံးမှုဧက (၁၆၄)ဧက အတွက် (၁)ဧကလျှင် ငွေကျပ် ငါးထောင်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၈၂၀၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

စည်သူလွင်(ပြန်/ဆက်)