ဆီဆိုင်မြို့၌  တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

ဆီဆိုင်   ဇန်နဝါရီ   ၁၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအား ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက RI Myanmar မှ လူသုံးကုန်ပစ္စည်းများနှင့် ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့သည်။

 

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအတွက် RI Myanmar မှ ထောက်ပံ့လှူဒါန်းသည့် တစ်ကိုယ်ရေသုံး ပစ္စည်းဖာ ၄၀၀၊ ကျောင်းသုံးပစ္စည်း အခု ၉၀ တို့ကို တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်မှူးများထံ ပေးအပ်ပြီး ဆီဆိုင်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုရှိ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအား ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)