ဆီးရီးယား လေတပ်အခြေစိုက်စခန်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်

၁၅  ဇန်နဝါရီ

 

ဆီးရီးယားနိုင်ငံအလယ်ပိုင်း ဟမ်းစ်ပြည်နယ်ရှိ T-4 လေတပ်အခြေစိုက်စခန်းကို ပြီးခဲ့သည့်အင်္ဂါနေ့က အစ္စရေး တို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ပေ။

 

အစ္စရေး စစ်လေယာဉ်များသည် ထိုအခြေစိုက်စခန်းကို ဒုံးကျည်များစွာ ပစ်လွှတ်ခဲ့ရာ အများစုကို ဆီးရီးယားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ထုတ်ခဲ့သည်။

 

အဆိုပါ အခြေစိုက်စခန်းကို ဒုံးကျည်လေးစင်း ထိမှန်ခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

ထိုတိုက်ခိုက်မှုသည် အမေရိကန်အခြေစိုက်စခန်းတည်ရှိရာ ဆီးရီးယား အရှေ့တောင်ပိုင်းရှိ al-Tanf ဒေသ၏ ညွှန်ကြားမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။

 

ထိုဒုံးကျည်လေးစင်းသည် အခြေစိုက်စခန်းရှိ ယာဉ်အမြောက်အများကို ဖျက်ဆီးခဲ့သော်လည်း မည်သည့်စစ်လေယာဉ်မှ ထိမှန်ခြင်း မရှိကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက် အမည်မဖော်လိုသူတစ်ဦး က သတင်းထောက်များကို ပြောကြားခဲ့သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ မရှိဟု ၎င်းက ဆိုသည်။

 

ယခုတိုက်ခိုက်မှုသည် ဇန်နဝါရီ လ အစောပိုင်းက အီရန်တပ်မှူး ကာဆမ်း ဆိုလန်းမန်နီ ကို အီရတ်နိုင်ငံတွင် အမေရိကန်တို့ သတ်ဖြတ်ပြီးနောက်ပိုင်း ပထမဆုံးသော တိုက်ခိုက်မှုဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို