ဆိုင်ကယ်မြို့တော်အဖြစ် ပြောင်းလဲလာတဲ့ မန္တလေးမြို့မှာ HARLEY DAVIDSON ဆိုင်ကယ် အရောင်းပြခန်း ဖွင့်လှစ်

မန္တလေး ၆ မတ်

 

ကမ္ဘာကျော် အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ HARLEY DAVIDSON မော်တော်ဆိုင်ကယ် အရောင်းပြခန်းနှင့် ဆိုင်ကယ် ဆက်စပ်ပစ္စည်း အရောင်းပြခန်းကို မတ်လဆန်းပိုင်းက မန္တလေးမြို့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါဟာဆိုရင် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖွင့်လှစ်တဲ့ HARLEY DAVIDSON မော်တော်ဆိုင်ကယ် အရောင်းပြခန်း တစ်ခု ဖြစ်ပါတယ်။

 

 

HARLEY DAVIDSON မော်တော်ဆိုင်ကယ်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၁၅ ခုနှစ်က စတင်ပြီး အမေရိကန်နိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံး၌ ဆိုင်ကယ် အရောင်းပြခန်းပေါင်း ၁၅၀၃ ဆိုင်အထိ ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်း သိရပါတယ်။

 

 

အဆိုပါ ပြခန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနှင့် HERLAY DAVIDSON မှ တာဝန်ရှိသူများ၊ မော်တော်ဆိုင်ကယ် ချစ်သူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

 

 

"HERLAY DAVIDSON ဆိုင်ကယ်ဟာ မန္တလေးသူ မန္တလေးသားနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အမေရိကန်နဲ့ မြန်မာလူမျိုးရဲ့ ပေါင်းစည်းချစ်ခင်တဲ့ သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်" ဟု သံအမတ်ကြီး စကော့မာစီရယ်က ပြောပါတယ်။

 

 

မန္တလေး HERLAY DAVIDSON ဆိုင်ကို ရန်ကုန်-မန္တလေးလမ်း၊ အမရပူရမြို့နယ်၊ နတ်ရေကန်အုပ်စု၊ ရှားတောလေး ရပ်ကွက်မှာ ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။

 

ဆုဆုရှိ