စလင်းမြို့နယ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

စလင်း  ၂၃  ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ ကြက်ဟင်းခါးကျွန်း(အလယ်)ကျေးရွာ၌ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားသဖြင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

0814

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ကြက်ဟင်းခါးကျွန်း (အလယ်)ကျေးရွာနေ အိမ်ရှင် ဦးလှစိုး အသက်(၅၅)နှစ်၏ နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံသို့မီးကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

1147

 

မီးလောင်မှုဖြစ်ပွားရာသို့ စလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူးဝင်များနှင့် မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ဆင်ဖြူကျွန်း နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် ကျေးရွာနေပြည်သူများမှ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

1151

 

မီးလောင်မှုကြောင့် အိမ်ရှင် ဦးလှစိုး၏ နေအိမ် သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း (၂)ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးကာ လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

စိုးမိုးသူ( စလင်း)