စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း စီမံကိန်းဆိုင်ရာသိကောင်းစရာများ ညောင်ရွှေမြို့နယ်၌ ဆွေးနွေး

ညောင်ရွှေ  ၂၇  စက်တင်ဘာ

 

စိုက်ပျိုးရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးမှ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း စီမံကိန်းဆိုင်ရာ သိကောင်း စရာများနှင့် မီးဖိုသုံးစွဲသူများမှ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ ဆွေးနွေးဆောင်ရွက် ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ညောင်ရွှေမြို့နယ် တုံးလည်ကျေးရွာအုပ်စု တောင်ခမောက်ရွာ၊ ကျေးပေါခုံ ကျေးရွာအုပ်စု အင်ကြင်းကုန်းရွာနှင့် မြေဖြူရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း စီမံကိန်းဆိုင်ရာ သိကောင်းစရာများနှင့် မီးဖိုသုံးစွဲသူများမှ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုး သီးနှံများ အထွက်နှုန်းတိုးတက်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပက်ထရစ်ဗြူးနှင့် ဝန်ထမ်းများက ရှင်းလင်းဆွေးနွေးပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

 

ထို့နောက် အက်ကွဲ၍ သုံးစွဲမရတော့သည့်မီးဖိုမျာကို ဒေသခံပြည်သူများသို့ အစားထိုးပေးအပ်ခဲ့ကြောင်း သိရသည်။

 

(နေမျိုးသူရိန်)