စင်ကာပူနိုင်ငံမှာ ဝေဟင် တက္ကဆီ စမ်းသပ် မောင်းနှင်

၂၅ အောက်တိုဘာ

 

စင်ကာပူနိုင်ငံမှာ ပန်ကာလက် ၁၈ ခုပါ ဒရုန်းပုံစံ ဝေဟင်တက္ကဆီတစ်စင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ ဂျာမနီ ကုမ္ပဏီ ဗိုလိုကော့ပါး (Volocopter) က ထုတ်လုပ်ထားတဲ့ ဘက္ကထရီသုံး လူနှစ်ဦးတင်ဆောင်နိုင်တဲ့ယာဉ်ဟာ မရီနာဘေး ပတ်ဝန်းကျင်မှာ ၂ မိနစ်နဲ့ ၃၀ စက္ကန့် ပျံသန်းခဲ့ပါတယ်။ 

 

ဒီယာဉ်ငယ်ဟာ ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ဒရုန်းနည်းပညာဖြင့် တည်ဆောက်ထားခြင်းဖြစ်တဲ့ အတွက် အလိုလျောက်မောင်းနှင်နိုင်ပေမယ့် စမ်းသပ်ချိန်မှာ ပိုပြီးသေချာအောင် လေယာဉ်မောင်းတစ်ဦး ပါရှိခဲ့ပါတယ်။ 

 

1

 

Volocopter ယာဉ်ကို ဒူဘိုင်း၊ ဟယ်ဇင်းကီး၊ ဂျာမနီ နဲ့ လော့အန်ဂျလိစ် မြို့တွေမှာ စမ်းသပ်ပြီးဖြစ်ပါတယ်။ လူကြိုက်များတဲ့ စင်ကာပူနိုင်ငံကို စမ်းသပ်ရန် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

 

ဝေဟင်တက္ကဆီခ ကို ဘယ်လောက်သတ်မှတ်မယ်လို့ မဆုံးဖြတ်ရသေးပေမယ့် ကားတက္ကဆီထက် ဈေးအသင့်အတင့် များမယ်လို့ သိရပါတယ်။ 

 

Volocopter ယာဉ်ဟာ အာရှတဲ့ တခြားမြို့ကြီးတွေဖြစ်တဲ့ ဂျာကာတာ၊ မနီလာ၊ ဘန်ကောက် နဲ့ အိန္ဒိယနိုင်ငံ နဲ့ တရုတ်နိုင်ငံအတွင်း တချို့နေရာတွေမှာ သူတို့ရဲ့ ဝန်ဆောင်မှုကို ပေးချင်ကြောင်း ကုမ္ပဏီ ရဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

 

Volocopter ယာဉ်အတွက် ရေမျက်နှာပြင်ဘက်ကို မျက်နှာမူထားတဲ့ ယာဉ်ထွက်ခွာ၊ ဆိုက်ရောက်နိုင်တဲ့ ပြေးလမ်း နဲ့ ခရီးသည်တွေ စောင့်ဆိုင်းနိုင်တဲ့ နေရာပါ ရှိတဲ့ VoloPort ပါပါရှိကြောင်း သိရပါတယ်။ 

 

Volocopter အတွက် အူဘာ (Uber) နဲ့ ကစ်တီဟော့ (Kitty Hawk) တို့ဟာ ဈေးကွက်မှာ ယှဉ်ပြိုင်ရမယ့် ဝေဟင်တက္ကဆီကုမ္ပဏီတွေ ဖြစ်ပါတယ်။  

 

MDN
ကိုးကား- AFP