စင်ကာပူနိုင်ငံ၌ ကျင်းပနေသည့် M2 World Championship ပြိုင်ပွဲ Upper Bracket မြန်မာအသင်း ဗိုလ်လုပွဲတက်‌ရောက်

ရန်ကုန်၊   ၂၃  ဇန်နဝါရီ

စင်ကာပူနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပနေသည့် ကမ္ဘာ့အဆင့် ထိပ်တန်းပြိုင်ပွဲကြီးဖြစ်သည့် Mobile Legends: Bang Bang (MLBB) M2 World Championship ပြိုင်ပွဲကြီးတွင် Upper Bracket မြန်မာအသင်း ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ကြောင်း သိရသည်။

အုပ်စုပြိုင်ပွဲတွင် မြန်မာ Burmese Ghouls အသင်းက စင်ကာပူ RSG အသင်းကို -၁၊ ဖိလစ်ပိုင် Bren အသင်းကို - ဖြင့် အနိုင်ရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ဇန်နဝါရီ ၂၃ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံမှ RRQ နှင့် ALTER EGO ESPORTS အသင်း၊ ဖိလစ်ပိုင်နိုင်ငံမှ BREN ESPORTS နှင့် OMEGA ESPORTS အသင်း၊ မလေးရှားနိုင်ငံမှ TODAK အသင်း၊ စင်ကာပူနိုင်ငံမှ RSG နှင့် EVOS SG အသင်း၊ မြန်မာနိုင်ငံမှ Burmese Ghouls အသင်း၊ ဂျပန်နိုင်ငံမှ  10S GAMING FROST အသင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ IMPUNITY KH အသင်း၊ ရုရှားနိုင်ငံမှ UNIQUE DEVU အသင်း၊ ဘရာဇီးနိုင်ငံမှ DREAMMAX  ကိုယ်စားပြုအသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ချန်ပီယံဆု အဖြစ် ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သိန်းလေးသောင်းကို ပိုင်ဆိုင်ရမည့်အပြင် အသင်း၏ အမှတ်အသားတံဆိပ်ဖြင့် စိတ်ကြိုက် ဟီးရိုးတစ်ကောင်၏ in-game skin ပေးအပ်ချီးမြှင့်ဖြစ်သည်။

ပြိုင်ပွဲကို စင်ကာပူနိုင်ငံ Cyber Sports and Online Gaming အစည်းအရုံး (SCOGA) စင်ကာပူနိုင်ငံ ခရီးသွားဘုတ်အဖွဲ့နှင့် MOONTON တို့မှ ပူးပေါင်း ကျင်းပခဲ့ကြောင်းသိရသည်။

အာကာစိုး